ကော့ကရိတ်၊ အာရှလမ်းတွင် စစ်ကောင်စီ၏ ဆီဘောက်ဆာ ကားတစ်စီး ပစ်ခတ်ခံရပြီး မီး လောင်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဆီဘောက်ဆာကား ၁ စီး ယနေ့ ဇန်နဝါရီလ ၇ ရက် ည ၆ နာရီခွဲခန့်တွင် ပစ်ခတ်ခံရပြီး မီးလောင်နေကြောင်း သတင်းရရှိသည်။”ကော့ကရိတ်၊ ကျိုက်ဒုံ လမ်းဆုံ၊ အာရှလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကား ၁ စီး မီးလောင်နေတယ်၊ ပစ်ခံရတာ ထင်တယ်၊ မီးသတ်ကားတွေက အခုမှ ကော့ကရိတ်က ထွက်သွားတယ်။” ဟု ကော့ကရိတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး KNLA သို့ ဆက်သွယ်အတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ကြိုးစားဆက်သွယ်လျှက်ရှိသည်။တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းကို ည ၆ နာရီနောက်ပိုင်း အ သုံးမပြုရန် KNU က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် အောက်စီဂျင်သယ်မော်တော်ယာဉ် အသွင်ပြောင်း စစ်ကောင်စီ၏ လေယာဉ်ဆီတင် ကား ၁ စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များနှင့် ဒေသ ကရင်သတင်းဌာနများက သတင်းထုတ်ပြန်ခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s