ကျောက်ထုမြို့ အ​မြောက်တပ်ထဲမှ ယာဉ်အစီး ၉၀ ​ကျော်ပါ ယာဉ်တန်း မင်းတပ်ဘက်သို့ တက်လာနေ

မကွေးတိုင်း၊ ကျောက်ထု အမြောက်တပ်ထဲသို့ ရောက်ရှိနေသည့် ယာဉ်အစီး ၉၀ကျော်ပါ ယာဉ်တန်းသည် ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၈ နာရီဝန်းကျင်တွင် မင်းတပ်မြို့သို့ စတင်ထွက်ခွာလာနေကြောင်း မြေပြင်ရှိ သတင်းအရင်းမြစ်များထံမှ သိရသည်။ ”မင်းတပ်မှာ စစ်တပ်တွေက စစ်ရေးလုပ်ရှားမှုတွေတော်တော်လေး လုပ်နေကြတယ်။

ဒီနေ့မနက်ပိုင်း တစ်ခုထဲမှာဆိုရင် မင်းတပ်-မတူပီဘက်ခြမ်း ၁၆ မိုင် မှာရှိနေတဲ့ စစ် တပ်တွေက အခု ၂၂ မိုင်ဘက်တက်သွားကြတယ်။ ကားလမ်းကတချို့ တက်လာတာရှိသလို တောင်ကျောလမ်းကနေလည်း တချို့ တက်လာကြတာရှိတယ်။ တစ်ခါ မနေ့ညက ကံကြီးရွာ ရောက်နေတဲ့ စစ်တပ်ကလည်း ဒီမနက် ၄ နာရီလောက်မှာ အနောက်ဘက် ထွက်သွားကြတာ အခု ရေရှင်ရွာ လမ်းခွဲမှာ ရောက်နေကြတယ်။

ပြီးတော့မင်းတပ် ကနေဆင်းသွားတဲ့ စစ်တပ်ကလည်း အခု ထင်ချောင်းလမ်းခွဲ မှာရှိနေကြတယ်ဆိုတော့ ဒီမနက်ထဲမှာ စစ်တပ်က သုံးနေရာလောက် တစ်ပြိုင်တည်း လုပ်နေတာ တွေ့နေရတယ်” ဟု မင်းတပ်မှ စစ်ရေးလေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

ပုံအညွှန်း – ပုံ ၁ ) ၁၆ မိုင်တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ။

ပုံ ၂ ) တြိဂံပုံ အနီ​ရောင်မှာ မင်းတပ်မှ ဆင်းလာ​သည့် စစ်​ကောင်စီ တပ်သားများ ရပ်နားရာ ​ခန့်မှန်းနေရာ ဖြစ်ပြီး စတုရန်းပုံ အနီ​ရောင်မှာ စစ်​ကောင်စီ ယာဉ်တန်းများပြပုံ ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s