နာမည်ကျော် စီစီဝမ်တောင်ကုန်းတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးပေါ်ဒေသရှိ စီစီဝမ် တာပန်တောင် (ရွှေကျင်ဝမ်တောင်) တွင် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၃၃၂ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အ ထိနာကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နံနက်တွင် စစ်ကောင်စီ၏ စကခ ၇ လက်အောက်ခံ ခလရ ၃၃၂ တပ်ရင်းက အင်အား ၁၀၀ ကျော်ဖြင့် စီစီဝမ်တာပန်တောင်ပေါ်သို့ စစ်ရေးလှုပ်ရှားလာစဉ် KIA က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ကချင်သတင်းရင်း မြစ်က ဆိုသည်။
ယခုတိုက်ပွဲသတင်းအသေးစိတ်နှင့် နှစ်ဖက်သေဆုံးစာရင်း သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။ khit thit