ဖရူဆို မီးရှို့သတ်မှုဖြစ်စဉ်ကျူးလွန်ခဲ့သည့် ခမ ရ-၁၀၈ တပ်ရင်းမှ တပ်ကြပ် ၁ ဦး PDFထံခိုလှုံ

ပဲခူးတိုင်း၊ ပြည်မြို့နယ် အခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အမှတ် (၁၀၈) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တယောက်  ဇန်နဝါရီ ၅ ရက်က  ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO- PDF)ထံ လက်နက်အပ်နှံကာ အာဏာဖီဆန် CDM ပြုလုပ် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပါတယ်။

စစ်ကောင်စီတပ် အမှတ် (၁၀၈) ခြေမြန်တပ်ရင်းဟာ ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ‌မိုဆိုရွာကဒေသခံတွေနဲ့ ခရီးသွားပြည်သူ ၄၀ လောက်ကို ရက်ရက်စက်စက်  မီးရှို့သတ်ဖြတ်ခဲ့တဲ့တပ်ဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်က ပြောပါတယ်။

DMO- PDF ထံ ခိုလှုံလာတဲ့ တပ်ကြပ်က “တပ်ရဲ့အထက်လူကြီးတွေက ကိုယ်ကျိုးစီးပွားပဲ ရှာနေကြတယ်။ အောက်လက်ငယ်သား တခြားအ ဆင့်တွေကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်နေတယ်။ ပြီးတော့ ပြည်သူလူထုတွေကို ရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်နေတာတွေကို မလုပ်ချင်လို့ အ ခွင့်အရေးရတာနဲ့ PDF ‌တွေဆီ လာရောက်ခိုလှုံတာ ဖြစ်တယ်။ ပြည်သူတွေကို သတ်ဖြတ်ဖို့ အဓိကအမိန့်ပေးသူအားလုံးဟာ DSA ကျောင်းဆင်း အထက်အရာရှိတွေပဲဖြစ်တယ်”လို့ ပြောပါတယ်။

အခုလက်ရှိ ဒီးမော့ဆို- PDFထံ ခိုလှုံလာတဲ့ တပ်ကြပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၇ ရက်က လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းမွန်စွာ လွှဲပြောင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့က ဒေသခံတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ထံ လာရောက်ခိုလှုံမယ့် ဘယ်ဌာနက အမှုထမ်း၊ အရာထမ်းမဆို နွေးထွေးစွာကြိုဆိုကာ လုံခြုံရေးကိုလည်း တာဝန်ယူ‌ပေးသွားမယ်လို့ DMO-PDFမှ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s