ဖုန်းဆင်းကတ်နှင့် အင်တာနက်အခွန်များ တိုးမြှင့်မည့် အာဏာရှင်၏လုပ်ရပ် လူထုလက်မခံ

ဖုန်းဆင်းကတ်နှင့် အင်တာနက် အခွန်များ တိုးမြှင့်မည်ဟုဆိုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို လက်မခံ၊ မကျေနပ်ဟု ပြည်သူများက ပြောဆိုသည်။ ရှိရင်းစွဲ ၂၀၂၁ ခုနှစ် အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေအဖြစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ဖုန်းဆင်းကဒ် အသစ်တပ်ဆင် အသုံးပြုမှုအတွက် အခွန်ငွေ ကျပ်၂၀,၀၀၀ နှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း ရငွေအပေါ် အခွန်ငွေ ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။

အဆိုပါ ပြင်ဆင်ချက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ မတ်လ ၃၁ ရက်အထိ သုံးလကြာ အကျိုး သက်ရောက်မည် ဖြစ်သည်။ “လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါ။ အရင်အစိုးရ အဆက်ဆက်က အဘက်ဘက်က စဉ်းစားပြီး ၁,၅၀၀ ကျပ် နဲ့ ရောင်းပေးခဲ့တဲ့ ကိစ္စကို သူတို့က ၂၀,၀၀၀ လုပ်လိုက်တယ်။ ဒါဟာ ပြည်သူကို ထပ်ပြီး နှိပ်စက်တာလို့ပဲ မြင်တယ် “ ဟု ပြည်သူတစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဒီဇင်ဘာလ အစပိုင်းကလည်း ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် Data Package ဈေးနှုန်းများကို နှစ်ဆနီးပါး တိုးမြှင့် ကောက်ခံခဲ့ပြီး ယခုတဖန် ဆင်းကဒ်အသစ် တပ်ဆင် အသုံးပြုမှုနှင့် Wifi အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရငွေများကို အခွန်ထပ်တိုး ကောက်ခြင်း ဖြစ်သည်။

‘’ လူတွေက ကုန်ဈေးနှုန်းတွေ တက်လို့ ခက်ခဲနေရတဲ့ ကြားထဲ နေ့စဉ် သုံးနေတဲ့ အင်တာနက် တွေရော ဆင်းကဒ်တွေရောကို ပိုပြီး အခွန်ထမ်းနေရတယ်။ ဝင်ငွေတွေက ကျပြီး ထွက်ငွေတွေက များနေတယ်။ အခြေခံ လူတန်းစားပဲ အခက်အခဲ ဖြစ်မှာ “ ဟုလည်း ပြည်သူ တစ်ဦးက ဆို သည်။စစ်ကောင်စီက ဆက်သွယ်ရေး လုပ်ငန်းများကို ဖိအားပေး တင်းကျပ်သည့် လုပ်ငန်းများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း ပြည်သူများက ပြောသည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ၂၀၂၁ ခုနှစ်အတွင်း လူစိတ်ဝင်စားမှုနှင့် ပါဝင်မှု များပြား လာသည့် အင်တာနက်ပေါ်မှ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေပေးနေသည့် Channel များတွင် ဗီဒီယို ကြည့်ကာ Online Strike ဖြင့် ပါဝင်သည့် ပြည်သူများ ဖိအားတစ်ရပ် ဖြစ်လာစေမည် ဖြစ်သည်။

“ဒါကြီးက ကြိုတင် မျှော်လင့်ထားတဲ့ ကိစ္စပါ။ သူတို့က ယိုပေါက်တွေ အားလုံးကို လိုက်ပိတ်မှာပဲ။ အကျင့်ယုတ်လို့ နည်းလမ်းနဲ့ ယုတ်နေမှာပဲ။ အခုအချိန်မှာ တော်လှန်ရေးအတွက် Digital Channel တွေက ပိုပြီးတော့ များလာတယ်။ ဒီလိုမျိုးတွေ လုပ်လာတော့ ထိခိုက်မှုတော့ ရှိမှာပါ။ ဝင်နေတဲ့ ပိုက်ဆံတွေ လျော့သွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ ကြိုတွေးထားတဲ့ အတွက် နောက်ထပ်နည်းနဲ့ ဝင်ငွေရလာဖို့လည်း စီစဉ်ထားတာ ရှိပါတယ်။ အဲ့ဒါကိုလည်း မကြာခင် ချပြပါမယ် ” ဟု တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေနေသည့် Digital Channel တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အခွန်များ တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံဝင်ငွေ တိုးတက်စေပြီး အင်တာနက် အလွန်အကျွံ သုံးစွဲမှုများကြောင့် အလုပ်အကိုင်များ ထိခိုက်မှု၊ မျိူးဆက်သစ် ကျောင်းသား ကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချပေးနိုင်မည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ “သူတို့စကားက ဘာမှကို ယုံစရာမရှိတာ။ စစ်ကောင်စီက ပြောတဲ့စကားကို တစ်ခုမှ မယုံဘူး။ အခုလည်း ဥပ ဒေက သုံးလလို့ ရေးထားပြန်တာပဲ။ သူတို့လုပ်ချင်တာ လုပ်နေတဲ့အချိန်မှာ အခု သုံးလ ဆိုတာကိုလည်း လုံးဝ ယုံကြည်စရာမရှိဘူး။ အခွန်တိုးကောက်လို့ သူတို့အတွက် အမြတ်အစွန်း ရသွားရင် ဆက်ပြီးတော့ လုပ်နေဦးမှာပဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြော သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ Call Center ကို မေးမြန်းရာတွင် “ ဆင်းကဒ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောထားတာတော့ မရှိသေးပါဘူး။ ကောလာဟလ သဘောအနေနဲ့ပဲ ရှိသေးတယ်။ အထက်ကနေတော့ ဘာမှပြောထားတာ မရှိဘူး။ ဘာမှမသိရသေးဘူး။

တကယ်လို့ သိရတယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ၊ Website စာမျက်နှာ ကနေ ဖော်ပြပေးသွားပါမယ်။ အခု လော လောဆယ်တော့ ပုံမှန်ဈေး ၁၅၀၀ နဲ့ပဲ ရောင်းနေပါသေးတယ်” ဟု ပြောသည်။ ပြည်ပမှ တင်သွင်းရသည့် ဓာတ် ငွေ့ဈေး လေးဆခန့် မြင့်တက် နေ၍ LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေး စက်ရုံများ ရပ်ဆိုင်းထားရကြောင်းနှင့် ထို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး အချိန်ပိုင်း လျှပ် စစ်မီး ပြတ်တောက်မှုများကို ကြုံတွေ့ရနိုင်ကြောင်းလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်တွင် အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ LNG ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းသွားပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ ၁၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကာ စက်ရုံများ ရပ်ဆိုင်းရခြင်းသည် အကြမ်းဖက် စစ်ကောင်စီက ကုမ္ပဏီများသို့ ပေးချရမည့် ငွေများ မပေးချေနိုင်တော့ခြင်းကြောင့် ကုမ္ပဏီများ ဘက်က လုပ်ငန်း ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း စွမ်းအင်ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက People Spring လူမှုကွန်ရက် စာမျက်နှာကို ပြောဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s