မန္တလေးမြို့အောင်ပင်လယ်ရပ်ကွက်ဒလန်တစ်ဦးအသတ်ခံရ

မန္တလေးမြို့တွင် ယနေ့ညနေ၅နာရီခန့်ကချမ်းမြသာစည်မြို့နယ်၊၊ အောင်ပင်လယ်ရပ်ကွက်မှ စစ်ကောင်စီသတင်းပေး အရံမီးသတ် တပ်စုမှူးဦးမြင့်လွင်သေနတ်ပစ်ခံရပြီးနေရာမှာပင်သေဆုံးသွားကြောင်းသိရသည်။၄င်းသည် ၅၆လမ်းနှင့် ၁၀၆လမ်းရှိယာဥ်တိုက်မှုဖြစ်ရာနေရာသို့သွား ရောက်စဥ် သေနတ်နှင့်ပစ်ခံရခြင်းဖြစ်ပြီး ၄င်းနှင့်အတူပါလာသည့်အရံမီးသတ်တပ်သားတစ်ဦးပါ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

“အဲဒီလူက ရပ်ကွက်မှာ ကွက်စိပ်မှူး၊စစ်တပ်သတင်းပေး။ထောင်နေတာကြာပြီ။ပါသွားတဲ့ကောင်လေးကတော့ရိုးရိုးမီးသတ်တပ်သားလေးသူနဲ့အတူသွားမိလို့ပစ်ခံရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။အရံမီးသတ်တပ်သားသန့်ဇင်နိုင်သည် လက်ဖျံနှင့်လက်ကောက်ဝတ်ကို ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရကြောင်းသိရသည်။စစ်ကောင်စီသတင်းပေး ဦးမြင့်လွင်သေဆုံးပြီးနောက် ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များလှည့်လည်နေသောကြောင့် ဒေသခံများစိုးရိမ်နေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s