ရခိုင်Western News နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနမှ အယ်ဒီတာများကို ပုဒ်မ ၁၂၄-က ဖြင့် စစ်ကောင်စီအမှုဖွင့်ပြီး လိုက်လံ ဖမ်းဆီးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Western News နှင့် ရန်ကုန်မြို့ အခြေ စိုက် ရန်ကုန်ခေတ် သစ်သတင်းဌာနမှ အယ်ဒီတာနှင့်သတင်းသ မားများကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်ပြီး လိုက် လံဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက တရားလိုပြုလုပ်၍ စစ်တွေခရိုင်တရားရုံးတွင် ရခိုင်အခြေစိုက် Western News သတင်းဌာန ကို ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်တရားစွဲပြီး အယ်ဒီတာများနှင့် သတင်းထောက်များ လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ Western News ကို အမှုဖွင့်ရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခုက တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရသည့်ဆိုသည့် သတင်းကို Western News သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းအပြင် အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ဒေသခံများအား မတရားဖမ်းဆီးခြင်း၊ မတရားပုဒ်များဖြင့် တရားစွဲဆိုခြင်း ၊ ဒေသခံများအား ညှမ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းများကို ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာန ဆက်တိုက်ဖော်ပြလာသည့်အတွက် စစ်တပ်က မကျေနပ်၍ ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း ရခိုင်သတင်းသမားများပြောသည်။ယင်းကဲ့သို့ဖော်ပြပြီးနောက် အကြမ်းစစ်ကောင်စီက စစ်တွေခရိုင်တရားရုံးတွင် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ် နိုင်သည့် ပုဒ်မ ၁၂၄ (က)နှင့် ဦး တိုက်လျှောက်ထားခဲ့ကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများ၏ ဖော်ပြချက်အရသိသည်။

အလားတူ ရန်ကုန်အခြေစိုက် ရန်ကုန်ခေတ်သစ်သတင်းဌာနမှ အယ်ဒီတာ ဦးသာလွန်ဇောင်းထက်နှင့် ဦးကံဇော်တို့၏ နေအိမ်များကို ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝင်ရောက် စစ်ဆေးပြီး အနောက်ပိုင်းခရိုင်တရားရုံး၏ ပုဒ်မ ၁၂၄-က ဖမ်း၀ရမ်းဖြင့် လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း မိသားစုဝင်များကို ပြောဆိုကြောင်း သိရှိရသည်။

“ကျနော်တို့ အယ်ဒီတာတွေကို လိုက်ဖမ်းတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ တောင်ဥက္ကလာမှာရှိတဲ့ အယ်ဒီတာ ဦးကံဇော်ရဲ့ အိမ်ကို ရဲတွေက သွားဖမ်းတယ်။ ဖမ်း၀ရမ်းနဲ့ အနောက်ပိုင်းခရိုင်တရားရုံးက ခိုင်းလို့ လာဖမ်းတာလို့ ပြောတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက အယ်ဒီတာ ဦးသာ လွန်ဇောင်းထက်ရော ခေတ်သစ်အဖွဲ့သားတွေကို အကုန် ပုဒ်မ ၁၂၄-က နဲ့ ဖွင့်ထားတယ်ဆိုတာ ပြောတယ်” ဟု ရန်ကုန်ခေတ်သစ်၏ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်သော သတင်းဌာနတစ်ခုဖြစ်သည်။ စစ်ကောင်စီက မီဒီယာသမားများကို သုံးစွဲသော ဥပဒေ ပုဒ်မ- ၁၂၄(က)ပုဒ်မသည် အမြင့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ တစ် သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်ကြောင်းနှင့် အနိမ့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၃ နှစ်အထိဖော်ပြထားသည်။

စစ်ကောင်စီက ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်ထားသော ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် Western News တို့သည် မဟာမိတ်သတင်းဌာနများအဖြစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ရပ်တည်လျက်ရှိသော လွတ်လပ်သည့် ပုဂ္ဂလိကသတင်းဌာနများဖြစ်သည်။ စစ်အာဏာ သိမ်းအပြီး အကြမ်းဖက်စစ်ကောင်စီသည် သတင်းဌာန ၉ ခု ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပြီးသတင်းသမား ၁၀၀ကျော် ဖမ်းဆီးခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s