ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရန်ကုန်တိုင်းတွင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက “ပျံလွှားအောင်” စစ်ဆင်ရေးအနေဖြင့် ဇန်နဝါရီလ ၅ ရက်မှ ၈ ရက်အထိ လေးရက်တာအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး လှုပ်ရှားမှုများကို ထုတ်ပြန်ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀တွင် သုံးခွမြို့နယ်၊ ဆင်ခိုးရွာအနီးရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Penal Box နှစ်ခုနှင့် Cable ကြိုးများ မီးလောင်ပျက်စီးသွားခဲ့သည်။ လမ်းမတော်မြို့နယ် ( ၁၃ )လမ်း ရဲစခန်းဘန်ကာအနီးရှိ စစ်ကောင်စီတပ်သားများကို ပစ်မှတ်ထား၍ ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် Dark Shadow အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စမ်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စည်ပင်တရားရုံးနှင့် မြေနီကုန်းတံတား အောက်ယာဉ်ထိန်းရုံး အနီးနေရာများတွင် တပ်စွဲထားသည့် စစ်သားများအား ယနေ့ နံနက် ၁၀ နာရီခန့်တွင် နယ် မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှု အခြေအနေများကို မသိရှိရသေးပေ။ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်တွင် ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို နံနက် ၂ နာရီ မိနစ် ၃၀ ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ နေရာယူထား‌ေသာ အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုထားသည်။

ဇန်နဝါရီလ ၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ တောင်ငူလမ်းရှိ ဘောလုံးကွင်းအတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထားသည့်နေရာကို နံနက် ၅ နာရီခန့်တွင် YFA နှင့် CGF-YGN အဖွဲ့ဝင်များက ၄၀ မမ ဗုံးသီး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား ထိုနေ့ နံနက် ၉ နာရီ မိနစ် ၃၀ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ CGF-YGN အဖွဲ့နှင့် Spring Revolution Flames (SRF)တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား နှစ်ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သာကေတမြို့နယ်၊ EPC ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ထိုနေ့ နေ့လယ်၂ နာရီ မိနစ် ၃၀ခန့်တွင် ဗမာ့နောက်ဆုံး တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (BFRAF) တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု သိရသည်။ အင်းစိန်မြို့နယ်၊ EPC ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းနေ့ နေ့လယ် ၃ နာရီခန့်တွင် Dictator Revolt Front (DRF) တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၅ ရက် ည ၇ နာရီခန့်တွင် ဒေါပုံမြို့နယ်၊ ဒေါပုံရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဗမာ့နောက်ဆုံး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(BFRAF) အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေ ဆုံးခဲ့‌ေကြာင်း သိရသည်။

“ပျံလွှားအောင်” စစ်ဆင်ရေးအပြင် အခြားတော်လှန်ရေး အင်အားစုများကလည်း ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် စစ်ကောင်စီတပ်များကို ပစ်မှတ်ထားပြီး ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ STF/ PDF တပ်ဖွဲ့ဝင်များ၊ အထူးကွန်မန်ဒို (SOF) တပ်ဖွဲ့ဝင်များနှင့်အတူ အခြားသော တော်လှန်ရေး အင်အားစုအဖွဲ့ပေါင်း ၄၀ ကျော်ကို စုစည်း၍ အကြမ်းဖက်စစ်ကောင် စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်များကို “ပျံလွှားအောင်” စစ်ဆင်ရေးစီမံချက်ဖြင့် စစ်ရေးအရ အရေးယူတုန့်ပြန် တိုက်ခိုက်မှု များကို ထိရောက်စွာ စီမံကွပ် ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စီမံဆောင်ရွက်ရာ၌ အချို့နေရာများတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ထိရောက်စွာ တိုက်ခိုက်နှိမ်နင်းရန် အခက်အခဲများနှင့် ကြုံတွေ့ရလျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ တည်ရှိရာ နေရာများ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိသားစုဝင်များနှင့် ထိတွေ့ပတ်သက်မှုများ မလုပ်ဆောင်ကြဘဲ သတိဖြင့် ရှောင်ရှားသွားလာနေထိုင်ကြရန် အထူး အသိပေးတိုက်တွန်းထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s