ရန်ကုန်လမ်းမတော်ရဲစခန်းတွင် ဗုံးပေါက်ကွဲ၊ စမ်းချောင်းတွင်လည်း ဗုံးကွဲ၊ အရှေ့ဒဂုံတွင် ဗုံးပေါက်ကွဲမှု ၁ ဦးသေပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ရဲစခန်းတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈နာရီ ၃၀မိနစ်တွင် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၃လမ်း လမ်း မတော်မြို့နယ်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကြောင်း ၊ အဆိုပါ ဗုံးပေါက်ကွဲမှုသည် YGN (UG)ဖြစ်သည့် DARK SHADOW အဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“လမ်းမတော်ရဲစခန်းမှာ ဒီနေ့မနက် ၈ နာရီ ၃၀မိနစ်မှာ ဗုံးပေါက်ပါတယ်။ အသံလည်းအရမ်းကျယ်တယ်။ ရဲတွေ စခန်းမှာ ရှုပ်သွားတယ်။ အဲဒီနားက နေရာတွေကို ပိတ်ဆို့ပြီး ရှာနေကြတယ်” ဟု လမ်းမတော်ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ၁၃ ရပ်ကွက် အမှိုက်ပုံတွင် ယနေ့နံနက် ၇ နာရီ ၅၂ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့‌ပြီး လူငယ်တစ်ဦး သေဆုံးသွားကြောင်း Dagon Informationထံမှ သိရှိရသည်။

“အမှိုက်ကောက်တဲ့သားဖနှစ်ယောက်ပေါ့ ၊ အမှိုက်ပုံမှာရှာနေရင်း အမဲထုတ်လေးကိုဖွင့်လိုက်တာ အဲ့မှာ ကလေးလေးကတော့ အဲ့မှာတင်သေ ဆုံးသွားပြီး ၊ ဖခင်ကတော့ တော်တော်ထိခိုက်သွားတယ်” ဟု ဒေသခံတစ်ဦးကို ကိုးကား၍ Dagon Informationက သတင်းဖော်ပြသည်။

အလားတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအနီးတွင်လည်း ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီး အလွန်အသံကျယ်ကြောင်း ဒေသခံများက ပြောသည်။ “အသံက အရမ်းကျယ်တယ်။ တိုက်တွေတောင် တုန်တယ်။ ဗုံးကွဲပြီးတော့ ရဲကားနဲ့ စစ်ကားတွေ ထွက်လာတာတွေ့ရတယ်။ ဘယ်ကို ပိတ်ပြီး ဘယ်ကို စစ်မလဲတော့မသိဘူး” ဟု စမ်းချောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s