ရန်ကုန် မြို့နယ် ၉ခုရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးပြီး အများအ ပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း အတွင်းရှိ ဒေါပုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတ၊ အင်းစိန်၊ ထန်းတပင်၊ သုံးခွ၊ လမ်းမတာ်၊ စမ်းချောင်းစသည့် မြို့နယ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် ဇန်နဝါရီလ ၅ရက်နေ့မှ ၈ရက်နေ့ထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး ဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။
ဒေါပုံမြို့နယ်
========
ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဇန်နဝါရီလ ၅ရက်နေ့ ည ၇နာရီခန့်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော BFRAFတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်
=============
မြောက်ဥက္ကလာမြို့နယ် ရွှေပေါက္ကံမြို့သစ် တောင်ငူလမ်းရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန် နဝါရီလ ၆ရက်နေ့ နံနက် ၅နာရီခန့်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော YFAနှင့် CGF-YGN တပ်ဖွဲ့များက ၄ဝ မမ ဗုံးသီး ၃လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သား ၁ဝဦးထပ်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်
=============
လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီး ကင်းပုန်းဝတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီ ၃ဝ မိနစ်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော CGF-YGNတပ်ဖွဲ့နှင့် SRF တပ်ဖွဲ့တို့ ပူးပေါင်းကာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။အလားတူ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၇ရက်နေ့ ည၇နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ PDF တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်
===========
သာကေတမြို့နယ် EPC ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော BFRAFတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်
===========
အင်းစိန်မြို့နယ် EPC ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော DRF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန် တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။
ထန်းတပင်မြို့နယ်
===========
ထန်းတပင်မြို့နယ် ရေစိုကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၇ရက်နေ့ နံနက် ၂နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်
========
သုံးခွမြို့နယ် ဆင်ခိုးရွာအနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး Penal Box ၂ခုနှင့် Cable ကြိုးများ မီးလောင်းပျက်ဆီးခဲ့ကြောင်း သိရသည်။
လမ်းမတာ်မြို့နယ်
============
လမ်းမတောင်မြို့နယ် ရဲစခန်း ဘန်ကာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၈နာရီ ၃ဝမိနစ်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။
စမ်းချောင်းမြို့နယ်
===========
စမ်းချောင်းမြို့နယ် စည်ပင်တရားရုံးနှင့် မြေနီကုန်းတံတားအောက် ယာဉ်ထိန်းရုံးအနီးရှိ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၁ဝနာရီနှင့် ၁၁နာရီတို့တွင် နယ်မြေခံ PDF တပ်ဖွဲ့များနှင့် ဗမာ့လူငယ်ကွန်ရက် တပ်ဖွဲ့တို့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။khit thit