ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာလမ်းပိုင်းကို အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အသိပေး

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာလမ်းကို ဇန်နဝါရီလ ၇ ရက်မှစတင်ကာ အသုံးပြုခွင့် ပိတ်လိုက်ကြောင်း ဒေသခံပြောက် ကျားအဖွဲ့တာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ်၊ အင်တိုင်းရွာတွင် စစ်ကောင်စီတပ် အင်အား ၁၂၀ဖြင့် တပ်ဆွဲထားရာ ၎င်းတပ်သားများထွက်လာစဥ် ဒေသခံကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ ၇ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ “အနည်းဆုံး ငါးကောင်ကြွ(ငါးယောက်သေ) ပါတယ်ဗျ။

အဲ့ဒါကြောင့် နောက် Mission တွေလုပ်ရင် အဆင်မပြေမှာစိုးလို့ လမ်းပိတ်လိုက်တာပါ”ဟု Khin U local Guerrilla Force အဖွဲ့ တာဝန်ရှိသူကပြောသည်။ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်သားများက အနီးတစ်ဝိုက်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s