လွိုင်ကော်မြို့ကို လေကြောင်းတိုက်ခိုက်

ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မြို့ ပေါ်ကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၈ ရက် နေ့မှာ တိုက်လေယာဥ်နဲ့ရော ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဒီနေ့ မွန်းလွဲ  ၃ နာရီလောက်က စတင်ပြီး လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့  ဒေသခံမျက်မြင်သက်သေက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်က စတင်ပြီး လွိုင်ကော် မိုင်းလုံးရပ်ကွက်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မ‌‌နေ့က တိုက်ပွဲပြင်းထန်လာလို့  ဒေသခံပြည်သူ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့ကတိုက်ပွဲမှာ  အရပ်သား ၆ ဦးသေဆုံးခဲ့ရပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့  ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s