ဟွန်ဆန်ရောက်ချိန် မန္တလေးတွင် ၆ နေရာထက်မနည်း ဗုံးကွဲမှုများဖြစ်

ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံရောက်ရှိနေချိန်၊ မန္တလေးမြို့တွင် ပြည်ခိုင်ဖြိုးပါတီရုံးအပါအ၀င် စစ်ကောင်စီနှင့်ဆက်စပ်နေရာခြောက်ခု ထက်မနည်းဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။

နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်တွင် ၈၁ လမ်း ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြ၀တီဘဏ်နှင့် လမ်း ၉၀၊ ၃၁ လမ်းနှင့် လမ်း ၃၀ ကြားရှိယာဉ်ထိန်းရဲရုံးအနီး၊ ချမ်းမြသာစည်မြို့နယ်တွင် MIIT မြန်မာ့သတင်းအချက်အလက်နှင့်နည်းပညာသိပ္ပံကျောင်းရှေ့၊ မဟာအောင်မြေမြို့နယ်တွင် ၃၆ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ မြို့နယ်ပညာရေးမှူး ရုံး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၁၁၅ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတို့ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ် ကြောင်းသိရသည်။

ထိုဗုံးခွဲတိုက်ခိုက်ခံရမှုများသည် လက်ရှိရရှိထားသည့်အတည်ပြုစာရင်းအရဖြစ်ပြီး၊ အတည်မပြုရသေးသည့်တချို့လည်းရှိရာ၊ ဗုံးခွဲတိုက်ခိုက်မှု ခြောက်ခုနှင့်ပတ် သက်၍တော့ မန္တလေးမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dragon Rangers Mandalay(DRM)က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s