အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာလမ်းပေါ်မှာ  ဇန်နဝါရီ ၇ ရက် မနေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီရဲ့ ခြေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံးခဲ့တယ်လို့ Ayadaw Falcon Force က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၆ ရက် ညပိုင်းက ကျွန်းဖိုပင်ရွာနဲ့ ဝါတန်းရွာကို အရပ်ဝတ်နဲ့ ဝင်ရောက်လာခဲ့ပြီး မနေ့က မနက် ၆နာရီခွဲလောက်မှာ မိုင်းရှင်းဖို့ ဝါတန်းရွာ အနောက်ဘက်ကို ထွက်လာတုန်းမှာ ပဒေသာမိုင်း ၄ လုံး၊ တူမီးရှေ့ထွက်လက်နက်ကြီးနဲ့ တကြိမ် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ပြီးတော့ မနက် ၉ နာရီလောက်မှာ မန်ကျည်းသုံးပင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒီ တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံး၊ ၈ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်ပစ်ခတ်ပေမဲ့ ပြောက်ကျားတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ဝါတန်းရွာ အနောက်ဘက် မာလကာခြံမှာ အလုပ်လုပ်နေတဲ့ ပြည်သူ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို   Ayadaw Falcon Force(AF2)၊ သ​​ပြေညိုပြောက်ကျားတပ်ဖွဲ့၊  AyadawBoneNaing (A.B.N.PDF၊ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့နဲ့ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့က ဦးဆောင်ပြီး M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s