အိန္ဒိယ-မြန်မာနယ်စပ်တွင်တွေ့ရှိသည့် ဖောက် ခွဲရေးပစ္စည်းများ မော်ဟရိန်ရွာနှင့် လုံးဝမသက်ဆိုင်ဟု CDF – Mara ထုတ်ပြန်

အိန္ဒိယ – မြန်မာ နယ်စပ် တစ်နေရာတွင် ဖောက်ခွဲရေးနှင့် ဆက်စပ် ပစ္စည်းများကို အိန္ဒိယစစ်တပ်က တွေ့ရှိသိမ်းဆည်းမိသည့် နေရာသည် မော်ဟရိန်ရွာ မဟုတ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ် (မရာ) CDF-Mara က ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။မီဒီယာအချို့တွင် အဆိုပါ ပစ္စည်းများ ဖမ်းဆီးခဲ့မိသည့် နေရာကို ဖော်ပြရာတွင် မော်ဟရိန် ရွာဟု သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ မြန်မာ – မရာ နှစ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ကာ ရှင်းလင်းထားခြင်း ဖြစ်ပြီး ထိုကျေးရွာနှင့် လုံးဝမသက်ဆိုင်ဟု ဆိုထားသည်။

“အဲဒီ ကျေးရွာမှာ ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး။ ကျေးရွာမှာ ရှိတဲ့ ဒေသခံများက တောင်းဆိုတဲ့ အတွက် စိုးရိမ် ပူပန်မှုများအတွက် အခုလို ရှင်းလင်း ထုတ်ပြန်ရတာပါ” ဟု CDF Mara ပြောရေးဆိုခွင့် ရှိသူက ပြောသည်။အဆိုပါ ပစ္စည်းများ သိမ်းဆည်းမိခဲ့သော နေရာသည် အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ချောင်းတစ်နေရာ တွင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယ စစ်တပ်သည် ဖောက်ခွဲရေးပစ္စည်းများ၊ 4.8 ကျည်အချို့နှင့်အတူ ဆက်သွယ်ရေးစက် များကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သိမ်းဆည်းမိခဲ့ခြင်း ဖြစ်သည်။ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်သည် မည်သူ ၊ မည်သည့် အဖွဲ့စည်း ဖြစ်ကြောင်းကို သိရှိနိုင်ခြင်း မရှိသေးဘဲ နေရာဒေသ မှားယွင်းစွာဖော်ပြမှုသည် ကျေးရွာတွင် နေထိုင်ကြသော ဒေသခံများနှင့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ကြီးစွာ အနှောက်အယှက်နှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေနိုင်ကြောင်းလည်း ဆိုထားသည်။

CDF -Mara သည် ၂၀၂၁ ခုနှစ် မေလ ၂၇ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း လုံခြုံရေးအရ ၎င်းတို့၏ လှုပ်ရှားမှုများအား လူမှုကွန်ရက်တွင် မဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။သို့သော် စက်တင်ဘာ ၉ နက်နေ့တွင်မှု စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုပေါ်ပေါက်ရေး ၊ မရာ ဒေသတွင်းရှိ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်များရန်မှ အ ကာကွယ်ပေးရေး နှင့် သတင်းပေး ဒလန်များကို ထိရောက်စွာ အရေးယူရေးတို့အတွက် CDF- Mara ကို ဖွဲ့စည်းသည်ဟု ကြေညာခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုကို တော်လှန်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ချင်းအမျိုးသားတပ်ဦး (CNF/A)၊ ချင်း ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ CDM များနှင့် ပူးပေါင်းချိတ်ဆက်ကာ ထောက်ပံ့ရေး ၊ ကာကွယ်ရေးနှင့် နိုင်ငံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းသည်ဟုလည်း ကြေညာချက်တွင် ပါဝင်ခဲ့သည်။

CDF – Mara သည် ချင်းအမျိုးသားတပ်မတော် နှင့် ချင်းလူမျိုးများ နေထိုင်ရာ မြို့နယ်၊ ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးဆိုင်ရာတွင် အချိတ်အဆက် ရှိရှိ ထိထိရောက်ရောက် ပူးပေါင်း လုပ်ဆောင်နိုင်ရန် အဖွဲ့ဝင် (၁၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော Chinland Joint Defense Committee (CJDC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s