နမ့်စန်မြို့ ခမ်းလီရွှေဆိုင်တွင် သေနတ်​ပစ်ခတ်မှုဖြစ်ပြီး လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ ခမ်းလီရွှေဆိုင်မှာ ဇန်နဝါရီ  ၇ ရက် ဒီနေ့ မွန်းလွဲပိုင်းက အမည်မသိလူတစ်စုက ဓားပြတိုက် သေနတ်နဲ့ ပစ်ခတ်လို့ လူနှစ်ယောက်  ဒဏ်ရာရှိရရှိခဲ့ပါတယ်။

ဆိုင်ကယ်သုံးစီး လူ ၆ ယောက်က ဦးထုပ်အမည်း၊  အမည်းရောင်ဝတ်စုံနဲ့ မျက်နှာဖုံး maskတွေ တပ်ဆင်ထားပြီး ခမ်းလီရွှေဆိုင်ရှိ မှန်ကိုရိုက်ခွဲနေတာကို စျေးသူစျေးသားတွေက ဝိုင်းဝန်းဖျန်ဖြေဖို့ကြိုးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒေသခံ တစ်ဦးက  “​သေနတ်တချက်သာပစ်ပေမဲ့ ကျည်က နှစ်ယောက်ထိသွားတယ်။ ခွန်မောင်လုံးရဲ့ ညာဘက်ဝမ်းဗိုက်ကနေ ဘယ်ဘက်ဗိုက်ကိုထွက်သွားပြီး ခွန်ညွန့်လိုင်ရဲ့ခြေထောက်ကိုသွားထိတာ ခွန်မောင်လုံးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်”လို့ ပြောပါတယ်။ 

ဒဏ်ရာရသူမှာ နမ့်စန်မြို့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ  ခွန်မောင်လုံးနဲ့ ဒေသခံ ခွန်ညွန့်လိုင်တို့​ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူနှစ်ယောက်ကို နမ့်စန်ဆေးရုံမှာပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကာ လုယက်ခံရတဲ့ ခမ်းလီရွှေဆိုင်ရှိ ဆုံးရှုံးမှုပစ္စည်းတန်ဖိုးကို အတည်မပြုနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s