သပိတ်ကျင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဇနီးမောင်နှံ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဇနီးမောင်နှံ နှစ်ဦးပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီ ဝန်းကျင်က ကြာညှပ်မြစ် အနောက်ဘက်ကမ်းရှိ ခရမ်းစပ်ကုန်းကျေးရွာတွင် နေထိုင်ကြသည့် ဦးသန်းဇော်နှင့် ဒေါ်ညိုမ ဇနီးမောင်နှံ နှစ်ဦးတို့သည် ရွာအနောက်ဘက်ရှိ မင်းဝံတောင်ရိုးဘက်သို့ နှမ်းပေး( နှမ်းပေး ငွေယူ ) သွားသိမ်းပြီး အပြန်လမ်း တွင် ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

”ဟုတ်တယ်ဗျ။ သတ်ခံရတဲ့ လင်မယားက စစ်တပ်ထောက်ခံ သတင်းပေးတွေ။ မနေ့ညနေက တောင်ပေါ်ကို အကြွေးတောင်းသွားတောင်းကြတာ။ သူတို့တွေပြန်မလာတာနဲ့ ရွာကလူတွေက လိုက်ရှာကြတော့ ချောင်းထဲမှာ သေနေကြတာ ” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည် ။

အဆိုပါ သေဆုံးမှုကို ကြာညှပ်ရဲကင်းသို့ ချက်ချင်းအကြောင်းခဲ့သော်လည်း ရဲများက ယနေ့ မနက် ၁၀နာရီအချိန်ခန့်မှ ရောက်လာကာ အ လောင်း များကို စစ်ဆေးရန် ကြာညှပ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။ သေဆုံးသူ နှစ်ဦးသည် ကြာညှပ် စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ဘစိုးနှင့် မိတ်ဆွေတွေဖြစ်ကြောင်း ဒေသခံများက ပြောသည်။အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s