သျှမ်းတော်လှန်ရေးတပ် RCSS နှင့် SSPP တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီတံတားအနီးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၂၂ ဦး ယနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနဦး သိရသည်။
သီပေါမြို့ ဘော်ကြိုကျောင်းဘက်သို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအား လူမှုကူညီရေးအသင်းများက နေရာချပေးထားကာ လို အပ်သည့် စားသောက်ကုန်များ စီစဥ်ပေးထားကြောင်း သိရသည်။ယင်းစစ်ဘေးရှောင် ၂၀၀ ဦးကျော်သည် ပုံဖမ်၊ ကျင်သီ၊ ကြံခင်း၊ နားပန်နှင့် လောခွန်ရွာခံများဖြစ်ကြောင်း သိရသည်။ mizzima