ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီ သင်္ဘောများကို KIAနှင့်PDF က ပူး​ပေါင်းတိုက်ခိုက်၊ မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်း သေဆုံး

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ သင်္ဘောများကို မြို့လှ PDF တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က ဇန်နဝါရီ ၇ရက်နေ့နှင့် ၅ရက်နေ့တို့တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်းကြောင့် မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်းသေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။

ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်နှင့် ဘူးတောင်းရွာအနီးတွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တို့၌ မြို့လှ PDF တပ်များက ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ သင်္ဘော၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁ စီးစက်ပျက်ကာ ဘူးတောင်းရွာ၌ ဆိုက်ကပ်ခဲ့ပြီး ယင်းသင်္ဘောမှ စစ်သား အင်အား ၃၀ ဦးခန့်သည် မော်တော် ၃ စီးဖြင့် စက်ပျက်သွားသော သင်္ဘောမှ ကုန် ပစ္စည်းများ ယူ ဆောင်ရန် လာရောက်စဉ် မြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မော်တော် ၁ စီး ထက်ခြမ်းကွဲ နစ်မြုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် စစ်ကောင်စီ သင်္ဘောများကို KIA တပ်ရင်းတစ်ခုမှ စောင့်ကြိုပစ်ခတ်ခဲ့ပြီး နေ့လည် ၂ နာရီခန့်တွင် အထက် မင်းလယ်ရွာအနီး၌ မြို့လှ PDF တပ်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ မိုးတားလေးရွာ အထက်ဖက်ရှိ ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် စစ်ကောင်စီ သင်္ဘောနှင့် မြို့လှ PDFတို့ ထပ်မံထိတွေ့ ပစ်ခတ်မှုခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုကြောင့် နွား ၄ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s