Monthly Archives: Jan 2022

မိုင်းကိုင်မြို့နယ်ထဲ တိုက်ပွဲရှောင် ၁,၆၀၀ ကျော် ထပ်တိုးလာပြီး စားနပ်ရိက္ခာ၊ စောင်နှင့် အနွေးထည်များ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ထဲတွင် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ စစ်ရှောင်အသစ် ၁,၆၀၀ ကျော် ထပ်တိုးလာပြီး ၎င်းတို့အ တွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက်က မိုင်းကိုင်မြို့၏ အရှေ့ဘက်ခြမ်းမှ နောင်ဟိန်ရွာခံ ၁၀၀ ကျော်သည် စစ်ရှောင်စခန်းဆီသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး တိုက်ပွဲရှောင်များကို မြို့ခံများနှင့် ပရဟိတအသင်းတို့က ကူညီပေးနေပြီး အကူအညီများ လိုအပ်နေသေးကြောင်း ကူညီပေးနေသူ များက ပြောသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများသည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။တိုက်ပွဲရှောင်များသည် မွေ တော် တောင်ကျောင်း၊ ပန်ကတ် ရပ်ကွက်(၅)၊ လွယ်လိုင်၊ ကျောင်းကန်၊ ကျောင်းခမ်း၊ ဝိန်းငင်း၊ နားလုံ ဘုန်းကြီးကျောင်းနှင့် တပေါင်းပွဲ ကျင်းပသည့်နေရာများတွင် ခိုလှုံနေကြရသည်။

RCSS နှင့် SSPP တပ်တို့အကြား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်ကာ ပန်ကေတု၊ ဟမ်းငိုင်းနှင့် ၀ိန်းငိန်ကျေးရွာအုပ်စုအ တွင်း တိုက်ပွဲပြင်းထန်ခဲ့ကြပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။စက်တင်ဘာလမှ စတင်ကာ တိမ်းရှောင်နေကြရသည့် ဒေသခံတိုက်ပွဲရှောင်များထဲမှ ၇၀၀ ကျော်သည်လည်း ယနေ့အထိ နေရပ်သို့ မပြန်နိုင်ကြသေးပေ။ mizzima

သထုံမြို့နယ်၌ ရက်ပိုင်းအတွင်း လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဇန်နဝါရီ ၂ ရက်မှ  ၈ ရက်အထိ တပတ်အတွင်း လူငယ် ၁၅ ယောက် ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်သလို ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ ပါဝင်တာ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာပါ။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေ အများစု ပါဝင်နေတာ ဖြစ်ပြီး၊ အဲဒီထဲမှာတော့ မောင်ဇင်မင်းထက် အပါအဝင် အသက်မပြည့်သေးတဲ့ လူငယ် ၃ ယောက်လည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက သထုံ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးကျောင်း စစ်ကြောရေးကို ပို့ဆောင်ထားပြီး၊ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။

သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လကျော်ကာလအတွင်းမှာ အပြစ်မဲ့ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ DVB

နာမည်ကျော် စီစီဝမ်တောင်ကုန်းတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးပေါ်ဒေသရှိ စီစီဝမ် တာပန်တောင် (ရွှေကျင်ဝမ်တောင်) တွင် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၃၃၂ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အ ထိနာကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ နံနက်တွင် စစ်ကောင်စီ၏ စကခ ၇ လက်အောက်ခံ ခလရ ၃၃၂ တပ်ရင်းက အင်အား ၁၀၀ ကျော်ဖြင့် စီစီဝမ်တာပန်တောင်ပေါ်သို့ စစ်ရေးလှုပ်ရှားလာစဉ် KIA က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ကချင်သတင်းရင်း မြစ်က ဆိုသည်။

ယခုတိုက်ပွဲသတင်းအသေးစိတ်နှင့် နှစ်ဖက်သေဆုံးစာရင်း သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။ khit thit

သျှမ်းတော်လှန်ရေးတပ် RCSS နှင့် SSPP တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီတံတားအနီးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၂၂ ဦး ယနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနဦး သိရသည်။

သီပေါမြို့ ဘော်ကြိုကျောင်းဘက်သို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအား လူမှုကူညီရေးအသင်းများက နေရာချပေးထားကာ လို အပ်သည့် စားသောက်ကုန်များ စီစဥ်ပေးထားကြောင်း သိရသည်။ယင်းစစ်ဘေးရှောင် ၂၀၀ ဦးကျော်သည် ပုံဖမ်၊ ကျင်သီ၊ ကြံခင်း၊ နားပန်နှင့် လောခွန်ရွာခံများဖြစ်ကြောင်း သိရသည်။ mizzima

ရိုက်နှက်ဖမ်းဆီးခံရသည့်လူငယ် ၁ ဦး မင်္ဂလာ ဒုံ ဗုံးပေါက်ကွဲမှုနှင့် မသက်ဆိုင်ဟု MNU ထုတ်ပြန်

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ မနေ့က ဗုံးပေါက်ကွဲအပြီး စစ်တပ်က ထိုးကြိတ်ဖမ်းဆီးသွားတဲ့ လူငယ်ဟာ ၁ ဦးဟာ ဗုံးခွဲမှုဖြစ်စဉ်နဲ့ ပတ်သက် ဆက်နွှယ်ခြင်းမရှိတဲ့ အရပ်သား ပြည်သူ ၁ ဦးသာဖြစ်တယ်လို့  မင်္ဂလာဒုံအမျိုးသားအစည်းအရုံး MNUက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက  ကျိုက္ကလော့ဘုရားအနီး ဗုံးပေါက်ကွဲခဲ့ပြီး  နယ်ထိန်းတယောက်နဲ့ အရပ်သားတယောက် သေဆုံးခဲ့တာပါ။ အဲဒီဗုံးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်က YBS ဘတ်စ်ကားပေါ်က လူငယ်တယောက်ကို  ထိုးကြိတ်ဖမ်းဆီးသွားတာပါ။

ဒီဗုံးဖောက်ခွဲမှုကို မင်္ဂလာဒုံဒေသခံ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့  MUGအဖွဲ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန်ရဲ့ မြန်မာပြည်ခရီးစဥ်ကို မကြိုဆိုကြောင်းပြသတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မဂ်လာဒုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေကို ပစ်မှတ်ထားပြီး အကြီးစားဖောက်ခွဲမှုတွေကို နေရာမရွေး၊အချိန်မရွေး ခပ်စိတ်စိတ်လုပ်သွားမှာဖြစ်လို့  ပြည်သူတွေသတိထား ရှောင်ကွင်းနေဖို့လည်း  MNUက သတိပေးထားပါတယ်။ DVB

သုံးခွမြို့နယ်၌ မိုင်တဲ တာဝါတိုင်ဖောက်ခွဲခံရ၍ လာစစ်သည့် စစ်ကောင်စီအဖွဲ့ မိုင်းထပ်ဆွဲခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဆင်ခိုးကျေးရွာရှိ မိုင်တဲတာဝါတိုင် ပေါက်ကွဲမှုကို လာရောက် စစ်ဆေးသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သုံးခွမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် Thongwa Youth Force (T.Y.F) ၏ တာဝန်ရှိသူက ပြော သည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ တာဝါတိုင်ကို ကနဦး မိုင်းခွဲခဲ့ပြီး လာရောက် စစ်ဆေးသည့် စစ်တပ်ကို ထပ်မံ မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ မနက် ၆ နာရီခွဲမှာ ဖောက်ခွဲလိုက်တာပါ။ သုံးခွမြို့နယ် ဆင်ခိုးကျေးရွာက မိုင်တဲ တာဝါတိုင်ပါ။ ပဒေသာမိုင်း ခြောက်လုံးနဲ့ ခွဲလိုက်ပါတယ်။ အဲ့ဒီနောက် တာဝါတိုင် ဖောက်ခွဲခံရမှုကို လာကြည့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး (စစ်သား) တွေ ထိခိုက်မှု ရှိပါတယ် ” ဟု T.Y.F တာဝန်ရှိသူက ပြောသည်။

မိုင်းခွဲမှုကြောင့် တာဝါတိုင် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသည်ဟု ဆိုသည်။ “ကျွန်တော်တို့ တာဝါတိုင်ကို ဖောက်ခွဲတာက ခေါ်မိုင်းအနေနဲ့ ခွဲတာပါ။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာ လာမယ့် စစ်ကောင်စီ ယာဉ်တန်းကို အဓိကထား ခွဲဖို့ပါ။ သူတို့တွေ မိုင်းဆွဲခံလိုက်ရတော့ ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှ ပြန်ထွက်သွားကြတယ်။

ပြန်ထွက်သွားတဲ့ အခါတော့ ယာဉ်တန်းပုံစံနဲ့ မထွက်တော့ပဲ တစ်စီးစီ ခွဲပြီး ထွက်သွားကြတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ထိုနေရာမှ ဆင်ခိုးကျေးရွာဘက်သို့ ဆင်းသွားပြီး ပတုပ် ကျေးရွာနှင့် ဆင်ခိုးကျေးရွာ ရွာနှစ်ရွာ အဝင်အထွက်ကို ပိတ်ထားကာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

သုံးခွမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ Thongwa Youth Force (T.Y.F) သည် သုံးခွမြို့နယ်အတွင်း ယခုဖောက်ခွဲမှု အပါအဝင် မိုင် တဲတာဝါတိုင် သုံးတိုင်ကို မိုင်းခွဲ ဖျက်ဆီးထားသည်။ mizzima

ရန်ကုန် မြို့နယ် ၉ခုရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးပြီး အများအ ပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း အတွင်းရှိ ဒေါပုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတ၊ အင်းစိန်၊ ထန်းတပင်၊ သုံးခွ၊ လမ်းမတာ်၊ စမ်းချောင်းစသည့် မြို့နယ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် ဇန်နဝါရီလ ၅ရက်နေ့မှ ၈ရက်နေ့ထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး ဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။

ဒေါပုံမြို့နယ်

========

ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဇန်နဝါရီလ ၅ရက်နေ့ ည ၇နာရီခန့်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော BFRAFတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်

=============

မြောက်ဥက္ကလာမြို့နယ် ရွှေပေါက္ကံမြို့သစ် တောင်ငူလမ်းရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန် နဝါရီလ ၆ရက်နေ့ နံနက် ၅နာရီခန့်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော YFAနှင့် CGF-YGN တပ်ဖွဲ့များက ၄ဝ မမ ဗုံးသီး ၃လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သား ၁ဝဦးထပ်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်

=============

လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီး ကင်းပုန်းဝတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီ ၃ဝ မိနစ်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော CGF-YGNတပ်ဖွဲ့နှင့် SRF တပ်ဖွဲ့တို့ ပူးပေါင်းကာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။အလားတူ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နေရာယူထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၇ရက်နေ့ ည၇နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ PDF တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်

===========

သာကေတမြို့နယ် EPC ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော BFRAFတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။

အင်းစိန်မြို့နယ်

===========

အင်းစိန်မြို့နယ် EPC ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော DRF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန် တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့နယ်

===========

ထန်းတပင်မြို့နယ် ရေစိုကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၇ရက်နေ့ နံနက် ၂နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်

========

သုံးခွမြို့နယ် ဆင်ခိုးရွာအနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး Penal Box ၂ခုနှင့် Cable ကြိုးများ မီးလောင်းပျက်ဆီးခဲ့ကြောင်း သိရသည်။

လမ်းမတာ်မြို့နယ်

============

လမ်းမတောင်မြို့နယ် ရဲစခန်း ဘန်ကာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၈နာရီ ၃ဝမိနစ်တွင် PDF တ ပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။

စမ်းချောင်းမြို့နယ်

===========

စမ်းချောင်းမြို့နယ် စည်ပင်တရားရုံးနှင့် မြေနီကုန်းတံတားအောက် ယာဉ်ထိန်းရုံးအနီးရှိ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၁ဝနာရီနှင့် ၁၁နာရီတို့တွင် နယ်မြေခံ PDF တပ်ဖွဲ့များနှင့် ဗမာ့လူငယ်ကွန်ရက် တပ်ဖွဲ့တို့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့ထံမှ သိရသည်။khit thit

ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဆီ အထူးစျေးနှုန်းဖြင့် ရောင်းချရန် စီစဥ်နေ

ရန်ကုန်မြို့မှာ  ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဆီကို စက်သုံးဆီ အရောင်းဆိုင်တွေကတဆင့် အထူးစျေးနှုန်းနဲ့ ရောင်းပေးဖို့ စီစဥ်နေတယ်လို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက အဲဒီလို အထူးစျေးနှုန်းနဲ့ ရောင်းချလိုတဲ့ဆိုင်တွေကို စတင်ပြုစုနေတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က နှုန်းထားတရပ်နဲ့ ရောင်းချပေးမယ့် ဒေါ်လာငွေနဲ့ ဝယ်ယူတဲ့ စက်သုံးဆီကို အထူးစျေးနှုန်း သတ်မှတ်ရောင်းချပေးဖို့ စီစဥ်နေတာပါ။

စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက “ဘယ်တော့စမယ် မပြောတတ်သေးဘူး။ အရင်က အဲဒီလို ရောင်းခဲ့သေးတယ်၊ ညှိလို့ပြီးရင် အသင်းက တရားဝင်ထုတ်ပြန်လိမ့်မယ်။ လုပ်တာတော့ လုပ်မှာ” လို့ ပြောပါတယ်။

အရင်က အထူးစျေးနဲ့ အောက်တိန်း- 92 ဆီ၊ အောက်တိန်း – 95 ဆီ၊ ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဆီတွေကို စက်သုံးဆီဆိုင်တချို့က စက်တင်ဘာလလောက်က အခုလို အထူးဈေးနဲ့ ရောင်းချခဲ့ပါသေးတယ်။

အဲဒီတုန်းက အထူးစျေးနဲ့ ရောင်းတဲ့ဆီတွေက ပုံမှန်စျေးထက် တစ်လီတာ ၃၀၀ ကျပ်လောက် လျော့နည်းခဲ့ပါတယ်။

အခုတော့ အထူးစျေးနှုန်း ဘယ်လောက်သတ်မှတ်ရောင်းချမယ်ဆိုတာ မသိသေးပေမယ့် အောက်တိန်းဆီ နှစ်မျိုးတော့ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။  DVB

« Older Entries Recent Entries »