ကရင်နီပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီး ရပ်တန့်သွားတဲ့ စစ်ကောင်စီတင့်ကား

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့ နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ ယမန်နေ့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရမိကြောင်း၊ စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ပြီး တင့် ကားတစ်စီးလည်း မီးလောင်ပျက် စီးသွားကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။

“အဲဒီ တင့်ကားပေါ်က စက်သေနတ်နဲ့ ပစ်နေတဲ့ကောင် သေတယ်၊ ကျနော်တို့ တင့်ကားကို RPG နဲ့ ၂ လုံး ထုနိုင်တယ်၊ တင့်ကားက ပြန်ပြေးသွားတယ်” ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းရဲဘော် ၁ ဦးထံမှ သိရှိရသည်။ယမန်နေ့ည ၈ နာရီခန့်တွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ် ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီး လောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီး လောင်ပျက်စီးခဲ့ကြောင်း၊ KNDF မှ တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နှင့် လက်နက်ကြီးကျည်နှင့် လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီမှစ၍ ည ၇ နာရီအထိ တိုက်လေယာဥ်များနှင့်ရဟတ်ယာဥ်များဖြင့် (၁၀) ကြိမ် လာရောက်ပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။စစ် ကောင်စီတပ်များ သည် အင်အားအလုံးအရင်းနှင့် တင့်ကားများအသုံးပြုကာ တိုက်ခိုက်ခဲ့သော်လေည်း အကျအဆုံးများသဖြင့် (၅) မိုင် (၆) မိုင်နှင့် ဒေါပိုးစီတို့မှ မြို့တွင်းသို့နောက်ဆုတ်ခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထိုရပ်ကွက်များအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ (Canter) ကားနှစ်စီးဖြင့်သယ်ဆောင်သွားကြောင်း သိရှိရသည်။ထို့အပြင် ထိုရပ်ကွက်အတွင်းရှိနေအိမ် (၁၀) လုံးကျော်ကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ထို့အပြင် ဒီးမောဆို့မြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်နှင့် ဒီးမော့ဆို မြို့မရဲစခန်းတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင် စီတပ်ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခြေမှုန်းတိုက် ခိုက်ရင်း PDF (လွိုင်ကော်) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း သတင်း ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s