စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက် ကြီး ထိမှန်ပြီး ကော့ကရိတ်အနီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက် ညနေပိုင်းတွင် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာရှိ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

” မနေ့ညနေက စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးတွေက ကမိုင်ကုန်း ဘုန်းကြီးလမ်းထဲကို ကျတာ၊ ၂ ယောက်ထိတယ်၊ ၁ ယောက်က သေသွားတယ်။ သေတဲ့သူက အသက် ၂၀ ပဲရှိဦးမယ်၊ သူ က အဲဒီရွာမှာ အုတ်ဖိုလုပ်ငန်း လာလုပ်နေတာ၊ ဘုန်းကြီးလမ်းထဲမှာ မပေါက်ဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်တွေ ရှိနေသေးတယ်” ဟု ဒေ သခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ကော့ကရိတ်အခြေစိုက် ခမရ ၉၇ အမြှောက်တပ်၊ နေပူခံကုန်းမှတဆင့် လက်နက်ကြီးများဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ ပစ်ခတ်နေခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၉ နာရီခွဲတွင်လည်း စစ်ကောင်စီပစ်ခတ်သော လက်နက် ကြီး ထိမှန်ပြီး အမျိုးသား ၂ ဦး ထပ်မံဒဏ်ရာရရှိကာ အာရှလမ်းမ အရှေ့ဘက်ကျေးရွာများရှိ ဒေသခံ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရထားပြီး ဒေသခံ ၂၀၀၀ ဝန်းကျင် စစ်ရှောင်နေကြရပြီဖြစ် သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s