စစ်ကောင်စီ ပိန္နဲတောစခန်းက ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဘားအံမြို့နယ်ရှိ မြေးအဖွား ၂ ဦး ဒဏ်ရာရ


အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက်အောက်ခံ တပ်ရင်းမှ တပ်စွဲထားသော ပိန္နဲတောစခန်းမှ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီတွင် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဘားအံမြို့နယ်၊ အီဟယ်ရွာလေး ကျေးရွာရှိ မြေးအဖွား ၂ ဦး ဒဏ်ရာရသွားကြောင်း ကရင်အမျိုးသားအ စည်းအရုံး KNU က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီမှ ပစ်ခတ်သော ၈၁ မမ လက်နက်ကြီးကျည်သည် အဆိုပါ မြေးအဖွားနေထိုင်သော နေအိမ်ခြေရင်းတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၈၈ နှစ်အရွယ်အဖွားတွင် ဝမ်းဗိုက်ကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ်မြေးဖြစ်သူ၏ လယ်ပင်းနှင့် ကျောတွင် ကျည်စစင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံးကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီပစ်ခတ်သော လက်နက် ကြီး ထိမှန်ကာ KNU တပ်မဟာ ၅၊ တပ်မဟာ ၆၊ တပ်မဟာ ၁ တွင် ဒေသခံပြည်သူများ သေဆုံးမှုရှိသလို အများအပြား ဒဏ်ရာရခဲ့သည်။ khit thit