ဒဂုံမြို့သစ်အရှေ့ပိုင်း ဆေးရုံအနီးနှင့် မင်းရဲကျော်စွာလမ်းပေါ် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီး ​ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီးရှေ့မှာ  ဇန်နဝါရီ ၈ ရက် ည နေ ၆ နာရီခွဲလောက်  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ညနေ ၆ နာရီ ခွဲလောက်က ဆေးရုံရှေ့မှာ ဗုံးပေါက်တာ၊ ထိခိုက်မှု မရှိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲသံကြောင့် မင်းရဲကျော်စွာလမ်းပေါ် လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကား လာရောက်စဥ် လှည့်ကင်းကားအနီး ထပ်မံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားပေါ်က လုံခြုံရေးတပ်သား ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းက အမှိုက်ပုံတခုမှာလည်း ဒီနေ့မနက် ၈ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မနက်ပိုင်းကပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လုံခြုံရေးပတ်ကင်းပြုလုပ်နေတဲ့ကြားက ညနေပိုင်းမှာ ထပ်မံ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s