နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦးအပါအ၀င် ၇၈ ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု AAPP စစ်တမ်းတွင် ဖော်ပြ

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက အသက် ၁၈ နှစ်အောက်ကလေးငယ်နှစ်ဦးအပါအ၀င် ၇၈ ဦး အား သေဒဏ်ချမှတ်ထား သည်ဟု ယမန်နေ့ဇန်နဝါရီ ၈ရက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ စစ်တမ်းကောက်ယူမှု တစ်ရပ်၌ ဖော်ပြထားသည်။

စစ်အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ယမန်နေ့ ဇန်နဝါရီ ၈ ရက်အထိ ၁၁လကျော်ကြာကာလအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၈၄၆၈ ဦးရှိပြီး ယင်းအနက် ၅၃၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကာ ထိုအထဲ၌ အသက်၁၈ နှစ်အောက်ကလေးငယ်နှစ်ဦးအပါအ၀င် ၃၉ ဦးမှာ သေဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။ယင်းအပြင် ဖမ်း၀ရမ်းထုတ်ခံထားရသဖြင့် တိမ်းရှောင်နေသူ ဦးရေမှာ ၁၉၆၆ ဦးရှိ၍ ယင်းအနက် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၃၉ ဦး ထပ်မံရှိနေသောကြောင့် စုစုပေါင်းသေဒဏ်ချမှတ်ခံထားရသူ ၇၈ ဦး အထိ ရှိနေသည်။

ဖမ်းဆီးခံထားရသူများတွင် ပြန်လည်လွတ်မြောက်လာသူ ဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန်လက်လှမ်းမမီနိုင်သည့်အ တွက် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွားဟု ယင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် AAPP ၏ စစ်တမ်းကောက်ယူချက်အရ ဇန်နဝါရီ ၄ ရက်နေ့တွင် စစ်ကိုင်းပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား မောင်မင်းခန့်ဇော်နှင့် မန္တလေးမြို့ နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်အောင်ပြည့်ဖြိုးတို့နှစ်ဦးကို စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အရှေ့ဘက်အထွက်လမ်းတွင် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ကျည်ဆံထိမှန်ဒဏ်ရာရှိခြင်း၊ ဆံပင်များဆွဲနှုတ်ခံထားရခြင်းတို့အပြင် လည် ပင်းတွင် သံကြိုးဖြင့် ချည်၍ “ မင်းကင်း PDF ဖြစ်ကြောင်းနှင့် အရေးတော်ပုံ ကျရှုံးရမည်” ဟု အော်ခိုင်းကာ ညှဥ်းပန်း နှိပ်စက်ခဲ့သည်။

အလားတူ ယမန်နေ့ဇန်နဝါရီ ၈ရက်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက သေ နတ်များပစ်ခတ်ကာ ၀င်ရောက်ခဲ့ပြီးနောက် ပန်းရံလုပ်ကိုင်နေသော အသက် ၁၄ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်သက်ဖြိုးနှင့် မောင်ရဲဇော်ထိုက်တို့မှာ သေနတ်ထိမှန်သေဆုံးခဲ့သည်ဟု AAPP၏ စစ်တမ်း တစ်ရပ်တွင် ဖော်ပြပါရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s