ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် K NLA၊ PDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၄ ဦးသေဆုံး ၂၀ ဦးခန့် ဒဏ် ရာ ရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပုလော PDF ပူးပေါင်းတပ်ဖွဲ့ကြား ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရပြီး ၈ ဦး အရေးပေါ်ကုသနေရကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင် ဇန်နဝါရီလ ၇ ရက် ညနေ ၃ နာရီ ၃၅ မိနစ်တွင် ၁ ကြိမ်၊ ဇန်နဝါရီလ ၈ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် ပဝတ် ဖျားရွာတွင် ၁ ကြိမ် KNLA နှင့် PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးအများအပြားဖြင့် ပစ်ခတ်သော်လည်း KNLA နှင့် PDF များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ စစ်ကောင်စီတပ်က ပဝတ်ဖျားကျေးရွာရှိ အများပြည်သူ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s