ပုသိမ်ထောင်တွင် အာဏာသိမ်းစစ်တပ်ဖမ်း ထားသည့် နိုင်ငံရေးသမား ၃၀၀ ကျော်ရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာရှိတဲ့ အကျဉ်းထောင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမား ၃၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်က အမျိုးသား ၂၇၀ ကျော်နဲ့ အမျိုးသမီး ၃၀ ကျော်  စုစုပေါင်း နိုင်ငံရေးသမား ၃၀၀ ကျော် ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ဒါက ထောင်ကိုရောက်နေတဲ့ အရေအတွက်ကိုပြောတာ ၃၀၀ ကျော်ဆိုတာက၊ စစ်ကြောရေးနဲ့ ရဲစခန်းမှာ အဖမ်းခံရတာ မပါသေးဘူး၊ သ တင်းထောက်တွေရော လွှတ်တော်ကိုယ်စားလှယ်တွေရောပါတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါအဝင် နိုင်ငံရေးသမား ၃၀၀ ကျော်ထဲမှာ ပြစ်ဒဏ်စီရင်ချက်အမိန့်ချပြီးတာ ကျုံပျော်မြို့နယ်က ၃ ဦးသာ ရှိသေးတယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s