မတူပီဘက်သို့ တက်သွားသည့် စစ်ယာဉ်တန်းကို ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် စောင့်ကြည့် ကင်းလှည့်ပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့သို့ သံချပ်ကာ ကားနှစ်စီးအပါအဝင် စစ်ကားအစီးရေ ၉၀ ခန့် ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် စတင် ထွက်ခွာသွားခဲ့ရာ လမ်းတစ်လျှောက်ဝေဟင်မှရဟတ်ယာဉ် တစ်စင်းက ​ကင်းလှည့် ပေးလျက်ရှိ​ကြောင်း သိရသည်။

” မနက်က ထွက်လာကြတဲ့ စစ်ယာဉ်တန်း အစီး ၉၀ကျော်ထဲမှာ သံချပ်ကာကား နှစ်စီးလည်းပါတာတွေ့ရတယ်။ အရင်တစ်ခေါက် မတူပီကနေ ဆင်းလာတဲ့ စစ်ယာဉ်တန်းကို CDFတွေက တောက်လျှောက်ဖြတ်တိုက်တယ်။ အရှေ့ အနောက်ပိတ်တိုက်တော့ သူတို့တော်တော်လေး အထိနာကြတယ်။ ဒါကြောင့် အခုရဟတ်ယာဉ်တစ်စီးက ကောင်းကင်ကနေ ပျံနေတာတွေ့ရတယ်”ဟု ‌မြေပြင်စစ်ရေး အခြေအနေ စောင့်ကြည့်နေသူထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မတူပီမှ ပြန်ဆင်းလာသည့်စစ်ယာဉ်တန်းကို CDF-မင်းတပ်အဖွဲ့မှကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၂ကြိမ်အထိ ထိတွေ့မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ကျော်ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး CDF မင်းတပ်မှ အသက် ၇၃နှစ်အရွယ်အဘိုးတစ်ဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s