မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထောင်တွင်းဆေးရုံတွင် ကင်ဆာဆေး သွင်းနေ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အိုးဘို အကျဉ်းထောင်တွင်း ဆေးရုံသို့ တက်ရောက်၍ ကင်ဆာဆေး ဆယ်ရက်ကြာ သွင်းနေရပြီး အသက်ရှုကျပ်သဖြင့် ဆေးရုံတက် ကုသနေရ သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ထောင်တွင်း သတင်း အရင်းအမြစ်က မဇ္ဈိမကို အတည်ပြုသည်။

ဒေါက်တာဇော်မြင့်မောင် သည် ဇန်နဝါရီလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်ရက် နှစ်ကြိမ် ကင်ဆာဆေး သွင်းရမည်ဖြစ်ရာ သက်တောင့်သက်သာ ဆေးသွင်းနိုင်ရန် ဆေးရုံတက်နေခြင်း ဖြစ်ကြောင်း ကျန်းမာရေး အခြေအနေ အထူးကောင်းမွန်ကြောင်း ဆိုသည်။“ဒေါက်တာဇော်မြင့်မောင် ကိုထားတဲ့ အခန်းမှာ ကင်ဆာဆေး သွင်းလို့တော့ရတယ်၊ ဒါပေမယ့် သူ့အနေနဲ့ အဆင်မပြေမှာ စိုးတာကြောင့် ထောင်တွင်း ဆေးရုံကိုပို့ပြီး ကင်ဆာဆေး သွင်းနေရတာပါ၊ သူ့မိသားစုတွေတောင် အကြောင်းမကြားဘဲ ဘယ်သူမှ အကြောင်းမကြားဘဲ အမြန်ဆုံး ဆေးရုံတက်လိုက်တာ။ ဆေးက တစ်ရက်ကို နှစ်ကြိမ်သွင်းရမှာ တစ်ကြိမ်သွင်းရင် တစ်နာရီလောက် ကြာတယ်၊ ဒါကြောင့် ကုတင်လေး ဘာလေးနဲ့ဆို ပိုအဆင်ပြေတယ်ဆိုပြီး ထောင်မှူးတွေက စီစဉ်ပေးတာ၊ ဒီတစ်ခေါက် ကင်ဆာဆေးက ဆယ်ရက်ကြာ သွင်းရမှာ ဖြစ်လို့ပါ၊ မျက်နှာ ကြည်ကြည် သာသာပါဘဲ” ဟု ထောင်တွင်း သတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အဂတိအမှု ငါးမှုရှိသည့်အနက် တစ်မှုအတွက် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး တစ်ဦးအား ကြားနာ စစ်ဆေးရန်လည်း ရှိနေသည်။“ပြီးခဲ့တဲ့ သောကြာနေ့ ရုံးချိန်းတုန်းက စစ်ဖို့၊ သူက ကလောဘက်မှာ သင်တန်းတက်နေတယ် ဆိုလား ဘာလား မသိရဘူး၊ လာကို မလာဘူး ဖြစ်နေတော့ နောက်ဆုံး Video Conferencing နဲ့ စစ်ဖို့ တရားသူကြီးက စီစဉ်တာလည်း မရတာနဲ့ ရုံးချိန်းပေးပြီး ပြန်လာရတယ်” ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အသက် (၆၉) နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက စုစုပေါင်း အမှုကိုးမှုဖြင့် တရားစွဲဆို ထားပြီး၊ လက်ရှိ ပုဒ်မ ၅၀၅(ခ) အမှုနှင့် သဘာဝဘေး အမှုတို့အတွက် ထောင်ကျခံနေရခြင်း ဖြစ်သည်။၎င်းအနေဖြင့် ဆက်လက်ရင်ဆိုင်ရန် အမှုခုနှစ်မှု ကျန်ရှိနေပြီး၊ အဂတိအမှု ငါးမှုနှင့် မဲမသမာမှုဟု ဆိုကာ စွဲဆိုထားသော အမှု နှစ်မှုတို့ ကျန်ရှိနေ သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s