မိုးဗြဲမြို့အထွက်ရှိ နေပြည်တော်သို့သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင် ၂ ခုကို KNDF တပ်ရင်း ၂ ခုက ပူးပေါင်း ဖျက်ဆီး

ရှမ်း-ကရင်နီ အစပ်၊ မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာအနီးရှိ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ခုက ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖြိုချဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ လျှပ်စစ်တာဝါတိုင်သည် အကြမ်းဖက်စစ်ခေါင်းဆောင်များ နေထိုင်သော နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်းများဖြစ်ကြောင်း၊ KNDF B03 (မိုးဗြဲအခြေစိုက်-တပ်ခွဲ ၂) နှင့် KNDF B11 တို့က ပူးပေါင်းဖြိုချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၊ စစ်ကောင်စီယန္တရားကို အားကောင်းစေသော ထောက်တိုက်များကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF B03 ဖယ်ခုံဇုံမှ သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s