ယင်းမာပင်တွင် စစ်ကောင်စီ စစ်ကား အစီး ၅ဝကျော်ပါ ယာဉ်တန်း ၂ရက်တာ မိုင်းဆွဲခံရပြီး စစ်သား ၂ဝဦးထက်မနည်းသေဆုံး၊ စစ် တပ်က ရွာ ၂ရွာကို မီးရှို့ ဖျက်ဆီး


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ကား အစီး ၅ဝကျော်ပါ ယာဉ်တန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၈ရက်နှင့် ၉ရက်နေ့တို့တွင် လမ်းတလျှောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ဝ ဦးထက်မနည်းသေဆုံးကာ စစ် တပ်က ကျေးစာကျရွာ နှင့် အုံတုံပင်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ရက်နေ့တွင် ယင်းမာပင်ဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကား အစီး ၅ဝကျော်ပါ ယာဉ်တန်းကို ဖိုဝင်တောင်လမ်းဆုံ အရှေ့ဘက် အင်ကြင်းတောင်လမ်းခွဲတွင် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် ဆားလင်းPDFမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၄ စီးထိပြီး စစ်သား ၁၅ဦးခဲ့ကြောင်း သိရသည်။
အဆိုပါ ကားတန်းသည် တည်ပင်ကန်၌ ညအိပ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ယင်းကားတန်း ပြန်လည်ထွက်ခွာလာစဉ် ၁၆ကုတင်နားအရောက်တွင် ဆားလင်း PDFမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား၃စီးထိမှန်ခဲ့ကာ သေဆုံးမှု အရေအတွက်းမသိရှိသေးဘဲ ထို စစ်ကောင်စီ ယာဉ်တန်းမှာ ပြန်လည်ထွက်ခွာလာပြီး ဒုံးတောရွာရောက် ယမားတံတားအဝင်၌ မိုင်းထောင်ထားတာသည်ကို သွားရောက်ဖြုတ်ယူသည့် စစ်သား ၃ဦးကို မိုင်းကွင်းထဲ အရောက်တွင် မိုင်းဆွဲလိုက်ခြင်းကြောင့် စစ်သား ၃ဦးထပ်မံသေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အုံတုံပင်ကျေးရွာနှင့် ကျေးစာကျရွာရှိ ပြည်သူပိုင်း နေ အိမ်များကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ khit thit