ယင်းမာပင် ကျေးစာကျရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သော ကြောင့် ပြည်သူပိုင် နေအိမ် ၆လုံး ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးနေရ


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ယမားချောင်း တံတားအောက်ဘက်မှ ခြေလျင်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၉ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင် ကျေးစာကျရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင် နေ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၆လုံး ပျက်စီးကာ ရွာလုံးကျွတ် ထွက် ပြေးနေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” ကျေးစာကျရွာက အပြစ်မဲ့ပြည်သူ နေအိမ်၅လုံးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်စီးသွားတယ်။ မီးရှို့ဖျက်ဆီးပြီးတော့ အပြန်မှာ သူတို့ စစ်ယာဉ်တန်း မိုင်းထိတယ်။ မိုင်းထိတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာ ရွာထဲကို ထပ်ကျပြီးတော့ နေအိမ် ၁လုံး ပျက်စီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကျေးရွာ၌ နေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံပြည်သူ တချို့သာ ကျေးရွာအတွင်းသို့ ပြန်လည်ရောက်နေပြီး ပြည်သူများ ဖမ်းဆီးခံရမှုနှင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရှိရသေေးကြောင်း ဒေသခံပြည်သူ တစ် ဦးကပြောဆိုသည်။ khit thit