ရန်ကုန်ရှိ မြို့နယ် ၅ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်မှတ်ထား တိုက်ခိုက်ခံရကာ စစ်သား ၁ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာတို့တွင် ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကင်းချထားသော နေရာများ၊ Mytel တာဝါတိုင်များကို ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ ၄ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

လှိုင်မြို့နယ်

=======

လှိုင်မြို့နယ် အေးရိပ်မွန် (၄) လမ်းထိပ်ရှိ လဝက ရုံးကို ဇန်နဝါရီလ (၈) ရက်နေ့ ည ၆နာရီ ၄၅မိနစ် အချိန်တွင် ဗမာ့ဇာမဏီ မြို့ပြပြောက်ကျား တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်

==========

မရမ်းကုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အသုံးပြုနေသည့် ရထားသံလမ်းကို ဇန်ဝါရီလ ၈ရက်နေ့ ည ၇နာရီ ၂၂မိနစ်တွင် ဗမာ့ဇာမဏီ မြို့ပြပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်

=========

သုံးခွမြို့နယ် ဆင်ခိုးကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော T.Y.F တပ်ဖွဲ့က ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆နာရီ ၂ဝမိနစ်ခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဗုံးခွဲ တိုက်ခိုက်ခံရသော နေရာသို့ လာရောက်သည့် စစ်ကောင်စီ ယာဉ်တန်းကို အဝေးထိန်းမိုင်း ၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း T.Y.F တပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

================

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဇန်နဝါရီလ ၈ရက်နေ့ ညနေပိုင်း ၆နာရီ ၃၀မိနစ်ခန့်၌ အနော်ရထာလမ်း နှင့် ရာဇဓိရာဇ် လမ်းထောင့်ရှိ ၉ရပ် ကွက် ဆေးရုံ အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သော GZDF နှင့် HRD တပ်ဖွဲ့တို့က ဗုံးသီးဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းနေရာကို စစ်ကူလာသော စစ်ကား ၁စီးကို အဆိုပါ တပ်ဖွဲ့၂ဖွဲ့က ဗုံးသီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်သောကြောင့် စစ်သား ၁ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြောက်ဥက္ကလာမြို့နယ်

==============

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ နေရာတချို့တွင် ဇန်နဝါရီလ ၈ရက်နေ့ ည ၉နာရီ ၁၆မိနစ်နှင့် ၉နာရီ ၂၀မိနစ်ခန့်တွင် ပေါက်ကွဲသံ ၂ချက်ထွက်ပေါ်ခဲ့ပြီး မည်သည့်နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားသည်ကို အတည်မပြုနိုင်ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s