လွိုင်ကော်မြို့ပေါ်တွင် စစ်ရဟတ်ယာဉ်များ ပျံဝဲနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းကစပြီး အကြမ်းဖက် စစ်ကောင်စီတပ် ရဟတ်ယာဉ်များ ပျံဝဲနေကြောင်း ဒေသခံများနှင့် လူမှုကူညီရေး တာဝန်ဝန်ရှိသူများက ပြောသည်။“ဒီကနေ့ မနက်ကတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ ရဟတ်ယာဉ်ကတော့ ပျံနေတယ်။ မနက် အစောပိုင်းကတော့ လက်နက်ကြီးသံ နှစ်ချက်ကြားတယ်။ နွားလဝိုးဂိတ် အကျော်မှာလည်း ပစ်ခတ်မှု တစ်ချို့ ဖြစ်တယ်ပြောတယ်။ အခုတော့ ဂိတ်ပြန်ဖွင့်ပါပြီ” ဟု လူမှုကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၈ ရက်မှ ၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီကျော်အထိ စစ်ကောင်စီ ရဟတ်ယာဉ်သံများ မကြာခဏ ကြားနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။အခြား သတင်းရင်းမြစ် တစ်ခုကမူ ရှမ်း၊ ကယားနယ်စပ် မိုးဗြဲတစ်ဝိုက်တွင်လည်း စစ်ရဟတ်ယာဉ် ပျံသန်းနေကြောင်း ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် KNDF ကပစ်ခတ်ခဲ့၍ စစ်တပ်ရဟတ်ယာဉ် တစ်စီး လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာ အနီး ပျက်ကျခဲ့သေးသည်။ “ပျက်ကျချင်းချင်း စစ်ကောင်စီတပ်တွေက လုံခြုံရေး လာယူပေးတယ်။ အဲ့နားက သူတို့တပ်တွေ နေရာအနှံ့ရှိနေတော့ ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခြင်း မရှိခဲ့ဘူး” ဟု KNDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။လတ်တလော လွိုင်ကော်မြို့ အနေအထားမှာ မြို့နေလူထု အများစု စစ်ရှောင်နေရကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်တို့တွင် မြို့ပျက်နီးပါးဖြစ်ကာ လူသူမရှိတော့ကြောင်း လူမှုကူညီရေး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“တိုက်ပွဲ အခြေအနေကတော့ ဆက်စောင့်ကြည့်ရမယ်။ မိုင်းလုံး၊ ပန်ကန်း ဘက်ကနေ မြို့ပေါ်အထိ ရောက်လာမလား ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။အခြားရပ်ကွက် တချို့တွင် ဆိုင်အများစု ပိတ်ထားကြပြီး နံနက်ပိုင်းတွင်သာ ဈေးဝယ်တချို့ရှိကာ နေ့လယ်ပိုင်း အချိန်တွင် လမ်း မများပေါ်၌ လူသူကင်းမဲ့နေသည့် အနေအထားဟုလည်း သိရသည်။

မြို့ခံအများစုမှာ မြို့စွန်ရှိ သာဘာရေး အဆောက်အအုံများနှင့် ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေး စစ်ရှောင်နေရကာ တချို့နေရာများတွင် ပိတ်မိနေသူများလည်း ရှိကြောင်း ဆိုသည်။အများစုသည် ၎င်းတို့ အစီအစဉ်ဖြင့်သာ စစ်ရှောင် ထွက်ပြေးနေရပြီး လူမှုကူညီရေး အသင်းများက ဇန်န ဝါရီ ၈ ရက်နှင့် ၉ ရက် နှစ်ရက်အတွင်း လူ ၂၀၀၀ ကျော်ခန့်ကိုသာ ကူညီနိုင်ခဲ့ကြောင်း သိရသည်။အလားတူ စားနပ်ရိက္ခာများလည်း လိုအပ်နေပြီး တိုက်ပွဲရက် ကြာမြင့်လာပါက ဒေသခံများ စားဝတ်နေရေး အခက်အခဲများစွာ တွေ့လာရနိုင်ကြောင်းလည်း လူမှုကူညီရေး တာဝန်ရှိသူများက သုံးသပ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s