လွိုင်ကော်အထွက်တွင် ခရီးသည်တင်ကားများကို စစ်တပ်က ပစ်ခတ်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်၊ ဆီဆိုင်နှင့်တောင်ကြီးသို့ သွားမည့် ခရီးသည်တင်ကားများ ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်အ ချိန်တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြန်လှည့်လာရကြောင်း ခရီးသည်တင်ကားများနှင့် ဒေသခံများထံမှ သိရှိရသည်။ ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန် လွိုင်ကော်မြို့မှ အထွက် ၊ Denko ဆီဆိုင် အနီး မြို့ပြင်တွင် ငြိမ်းချမ်းမိုးခရီးသည်တင်ကားများ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဆီဆိုင်မြို့ဘက်သို့ သွားမည့် လမ်းပေါ် နွားလ၀ိုးဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြို့ပြင် Denko ဆီဆိုင် အနားမှာ ပစ်မှာ ပစ်ခတ်ခံရတာ။ ခရီးသည်တွေ ထိခိုက်မှုတော့မရှိဘူး။ ကားတွေအကုန်ပြန်လှည့်လာရတယ်။မြို့ပြင်သွားမယ့် ကားတွေ သတိထားကြပါ” ဟု ပစ်ခတ်ခံရသူတစ်ဦးကလူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားကြသည်။လွိုင်ကော်မှ တောင် ကြီးသို့ သွားသည့် လမ်း ၂ လမ်းရှိပြီး လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းနှင့် လွိုင်ကော်-ဖယ်ခုံ-ပင်လောင်း-တောင်ကြီးလမ်း တို့ဖြစ်ကြောင်း၊ ယခု စစ်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်နေသော လမ်းမှာ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းဖြစ်ကြောင်းသိရှိရသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့်ရှားတောမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့်ဒေသခံကာကွယ်ရေးတပ်များအကြား အကြီးအကျယ် တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s