တန့်ဆည်တွင် စစ်တပ်က တက္ကသိုလ်ကျောင်း သား ၁ဦးနှင့် ပြည်သူ ၂ဦးကို ၂၄နာရီအတွင်း စစ်ကြောရေး၌ သတ်ဖြတ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖမ်းဆီးခဲ့သည့် စစ်ကိုင်းပညာရေးကောလိပ်၊ ပထမနှစ်တက်ရောက်နေသည့် ကျောင်းသားသမ္မဂ္ဂအဖွဲ့ဝင် အသက် ၁၉နှစ်အရွယ် ကိုမင်းခန့်ဇော်၊ အကုက္ကားရွာသား အသက် ၆ဝအရွယ် ဦးအောင်သိန်းနှင့် ချောင်းဆုံရွာသား အသက် ၂၉နှစ်အရွယ် ကိုဆန်းနိုင်ထွန်းကို ၂၄နာရီအတွင်း စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကိုင်းပညာရေးကောလိပ်၊ ပထမနှစ်တက်ရောက်နေသူ ကျောင်းသားသမ္မဂ္ဂအဖွဲ့ဝင် အသက် ၁၉နှစ်အရွယ် ကိုမင်းခန့်ဇော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီ ၄ ရက်နေ့တွင် ၎င်းသူငယ်ချင်းဖြစ်သူ ကိုအောင်ပြည့်ဖြိုးနှင့် ဆိုင်ကယ်စီးလာစဉ် တန့်ဆည် အရှေ့ထွက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်တွင် ကိုမင်းခန့်ဇော်ကို စစ်ကြောရေး၌ ဆံပင်များနှုတ်ခြင်း၊ ထိုးကြိတ်ခြင်း၊ ရိုက်နှက်ခြင်း စသည့်ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အကုက္ကားရွာမှ အသက် ၆ဝအရွယ် ဦးအောင်သိန်းကို စစ်တပ်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ချောင်းဆုံသွားရာ လမ်းတွင် ဖမ်းဆီးခဲ့ပြီး စစ်ဖိနစ်များဖြင့်ကန်ခြင်း၊ ရိုက်နှက်ထိုးကြိတ်ခြင်း၊ သေနတ်ဒင်များနှင့် ထုရိုက်စစ်ဆေးခြင်းကြောင့် ဇန်နဝါရီလ ၇ရက်နေ့၌ပင် သေဆုံးခဲ့ပြီး စစ်တပ်က မိသားစုများထံ ရုပ်အလောင်းပြန်လည် ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ချောင်းဆုံရွာသား အသက် ၂၉ နှစ် အရွယ် ကိုဆန်းနိုင်ထွန်းကို စစ်တပ်က ၂ဝ၂၁ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် အင်အားအလုံးအ ရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ပေါင်၌ သေနတ်ကျည်ထိခဲ့ကာ စောင်ဖြင့်ထုတ်ပြီး တန့်ဆည်စခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးခဲ့ပြီး ဆေးကုသခွင့် မပေးဘဲ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးခဲ့သောကြောင့် စက်တင်ဘာ (၆) ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။ khit thit