လှိုင်မြို့နယ် လဝကရုံးနှင့် မရမ်းကုန်းမြို့နယ်ရှိ ရထားသံလမ်းအား ပြောက်ကျားတပ်ဖွဲ့ ဖောက်ခွဲဖျက်ဆီး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အေးရိပ်မွန် ၄ လမ်းထိပ်ရှိ လဝကရုံးအနီးနှင့် မရမ်းကုန်းမြို့နယ်ရှိ ရထားသံလမ်းတို့အား ဇန်နဝါရီလ ၈ရက် ညနေ ၆နာရီ ၄၅မိနစ် အချိန်နှင့် ၇နာရီ၂၂ မိနစ်အချိန်တို့တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
“တစ်ခုက အဆောက်အအုံထိခိုက်တယ်။ တစ်ခုက ရထားသံလမ်းဂျွုင်းဆက် ပျက်စီးတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ စစ်ကောင်စီ အသုံး ပြုနေတဲ့ လမ်းကြောင်းမို့ပါ။ ရထားသံလမ်းကိုဖောက်ခွဲတာက ဘာအတွက် အသုံးပြုတယ် အတိအကျ မပြောနိုင်ပေမဲ့ သူတို့အတွက် အသုံး ဝင်နေတဲ့ လမ်းပိုင်းမို့လို့ပါ”ဟု ဖောက်ခွဲမှုနှစ်ခုကို လုပ်ဆောင်ခဲ့သည့် Burma Phoenix Organization – BPO အဖွဲ့ကပြောသည်။ ဒီဇင်ဘာ လ ၂၀ရက်ကလည်း လှိုင်မြို့နယ်ရှိ အုတ်ကျင်း တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံအတွင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးသည်။ mizzima