ကန့်ဘလူတွင် Mytel တာဝါတိုင် မိုင်းခွဲခံရမှု လာစစ်သော စစ်တပ် မိုင်းဆွဲခံရ၊ မိုင်းဆွဲခံရမှုကြောင့် သေဆုံးစစ်သားများကို သဂြိုလ်ပြီးအပြန် ထပ်မိုင်းဆွဲခံရ၊ မိုင်းဆွဲခံရသူများကို ကူညီရန် လာသော စစ်ကူများပါ မိုင်းထပ်ဆွဲခံရ၊ လူနာလာသယ်သော စစ်ကြောင်းများပါ ထပ်မံ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းရွာနှင့် တင်ကုတ်ကြီးရွာ ကြားရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲခံရသည့် နေရာသို့သွား ရောက်သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကားများနှင့် ဆိုင်ကယ်များကို KANBALU UNDERGROUND WARRIORS တပ်ဖွဲ့က ၅ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သား အသေအပျောက်များပြီး ပေါက်ကွဲမှု ဖြစ်ပွားသော နေရာရှိ စိတ်ရောဂါသည် ပြည်သူ ၁ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း KANBALU UNDERGROUND WARRIORS တပ်ဖွဲ့ထံမှသိရသည်။

ဇန်နဝါရီလ ၈ရက်နေ့ ည ၁၂နာရီခန့်တွင် ချင်မြစ်ကျင်းရွာနှင့် ပျူစောထီး စခန်းတည်ရှိရာ တင်ကုတ်ကြီးရွာ ကြားရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို KBU-UG တပ်ဖွဲ့က ဖျက်ဆီးခဲ့ပြီး တိုင်အခြေများ ပြုတ်ထွက်ကာ စက်ပုံးများ မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ Mytel တာဝါတိုင် ရှိရာနေရာသို့ ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁ဝနာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကြည့်ရှုရန် လာရောက်စဉ် ရင်ခတ်ကုန်းရွာနှင့် ငါးရာနဲရွာ ကြားရှိ တံတားအရောက်တွင် KANBALU UNDERGROUND WARRIORS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသော်လည်း အသေအပျောက်များနိုင်ကြောင်း ညနေ ၃နာရီခန့်တွင် နာရေးကားဖြင့် အဆိုပါ နေရာသို့ လာရောက်ကာ ဇီးကုန်းသုသာန်သို့ သယ်‌ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်း-ငါးရာနဲ-တင်ကုတ်ကြီး-ထန်းကုန်းလမ်း အား အသုံးမပြုတော့ဘဲ စစ်တပ်က ဇီးကုန်း-ကာဘိုး-တင်ကုတ်ကြီး-ထန်းကုန်းလမ်းကို အသုံးပြုရန် ကင်းလှည့်ယာဉ်ဖြင့် လိုက်လံစုံစမ်းနေစဉ် ဇီးကုန်းနှင့် ကာဘိုးကြား ဒေသခံကာကွယ်ရေးတပ်များက ကင်းလှည့်ယာဉ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း သိရသည်။

မွန်းလွဲ ၁၁နာရီ ၃ဝမိနစ်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့များက ဆိုင်ကယ်များဖြင့် အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော ကင်းလှည့်ကားရှိရာ နေရာကိုလာရောက်စဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်ကျန်မိုင်းအား ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၅ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း KANBALU UNDERGROUND WARRIORS တပ်ဖွဲ့ထံမှ သိရသည်။

မွန်းလွဲ ၃နာရီ ၂ဝမိနစ်တွင် မိုင်းဆွဲခံရသောကြောင့် ထိ ခိုက်သေဆုံးခဲ့သည့် စစ်သားများကို လာရောက်ခေါ်ဆောင်သည့် စစ်ကားအား ဇီးကုန်းအနောက် ကျောင်းကြီးအထွက် ပြွန်တံတားတွင် ပါဆယ်မိုင်းဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကားမှန်များကွဲထွက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ ဘေးပတ်ဝန်းကျင်ရှိ စိတ်ရောဂါသည် ပြည်သူ ၁ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း KANBALU UNDERGROUND WARRIORS တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်ကလည်း ရဲဒွေးကျေးရွာသို့ ပတ်ကင်းလှည့်လာသော စစ်ကောင်စီ တပ်ဖွဲ့များအား ထန်းကုန်း နှင့် ဇီးပင်သာ ကြားတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း KANBALU UNDERGROUND WARRIORS တပ်ဖွဲ့ထံမှ သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s