ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များကို တောင်ကြီးဝင်ခွင့်မပေးဘဲ စစ်ကောင်စီ အမျိုးမျိုးနှောင့်ယှက်နေ၊ စစ်တပ်က စစ်ဘေးရှောင်ပြည်သူများထံမှ အဆမတန်ငွေကြေးကောက် ခံ

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်အပါအဝင် မြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက တောင်ကြီးဝင်ခွင့်မပေးဘဲ အမျိုးမျိုး နှောင့်ယှက်လျက်ရှိပြီး လွိုင်ကော်-တောင်ကြီး လမ်းတလျှောက်တွင် ငွေကြေးအဆမတန်တောင်းခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မှ စစ်ဘေးရှောင်ပြည်သူ မြောက်မြားစွာ ထွက်ခွာလာကြပြီး နံနက်ပိုင်း စစ်တပ်က ခရီးသည်တင်ကားများကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် စစ်ဘေးရှောင် ပြည်သူများကို ထွက်ခွာခွင့်ပေးခဲ့သော်လည်း လမ်းတစ်လျှောက် ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ညပိုင်းတွင် တောင်ကြီးမြို့အဝင် ၄ မိုင်ဂိတ်တွင် စစ်ဘေးရှောင်များကို မြို့ထဲ ဝင်ခွင့်မပေးသည့်အပြင် နောက်ပြန်လှည့်ခွင့်လည်းမပေးကြောင်း သိရှိရသည်။

“ဟိုပုံးကနေတောင်ကြီးအဝင်၄မိုင်ဂိတ်မရောက်ခင်ပအိုဝ့်မတောင်မှာ ပိတ်မိနေတာ။ ဝင်လို့လည်းမရ နောက်ဆုတ်လို့လည်းမရဖြစ်တာ။ အခုတော့ စစ်ဘေးရှောင်တွေအတွက် တောင်ကြီး၄မိုင်ဂိတ်မှာ ခရိုင်ကြက်ခြေနီမှုးနဲ့တောင်ကြီးခရိုင်ထွေအုပ်အဖွဲ့က နေရာချထားပေးဖို့ လုပ်နေတယ်ပြောတယ်။ စိတ်တော့မချရဘူး။ စစ်ကောင်စီလူတွေဆိုတော့ ။ လမ်းတစ်လျှောက် ထုံဖိုအတက်မှာတော့ အသေစစ်တယ်။ လူများပစ္စည်းများရင် ပိုဆိုးတယ်။

ထီးစဲခါးဂိတ်မှာစစ်ပါတယ်။လူစာရင်းပေးရတယ်။ ကားနံပါတ်ပေးရတယ်၊ ရန်ပုံငွေထည့်ရတယ်။လက်ရှိရောက်လာတဲ့သူတွေပြောပြတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်တွင် ယခု ၈ နာရီ ၅၀ မိနစ်အချိန်မှစ၍ လွိုင်ကော်မှလာသော ဧည့်သည်များရှိပါကအမြန်ဆုံးသတင်းပေးကြရန် စစ်ကောင်စီက အော်လံများဖြင့် လိုက်အော်နေကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s