စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်မည့် ကချင်ပြည်နယ်နေ့ အခမ်း အနားသို့ ပြည်နယ်မှူးများအားလုံးတက်ရန် ညွှန်ကြားထား

ကချင်ပြည်နယ်နေ့ အခမ်းအနားတက်ရောက်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီခန့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးများရေးရာပြည်ထောင်စုဝန်ကြီးတို့ သည် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ရောက်ရှိနေကြောင်း ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံက စုံစမ်းသိရှိရသည်။အာဏာသိမ်းစစ်ကောင်စီလက်ထက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို မနက်ဖြန် ဇန်နဝါရီလ ၁၀ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ထိုအခမ်းအနားကို စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (ယခင်ကချင်ပြည်နယ်တိုင်းမှူး)နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ပြည် ထောင်စုဝန်ကြီးတို့ကလည်း တက်ရောက်ရန် ဇန်နဝါရီ ၉ရက်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည်။အဆိုပါ ကချင်ပြည်နယ်နေ့ အခမ်းအ နားကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အစီအစဥ်ဖြင့်သာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က မြက်ခင်းပြင်၌ ကျင်းပမည်ဖြစ်ပြီး ကချင်ရိုးရာမနောင်အကကို ထည့်သွင်း ကကြရန်လည်း ပြင်ဆင်ထားသည်ဟု သိရသည်။

ထို့အပြင် ကချင်ပြည်နယ် ဦးစီးဌာနများမှ ပြည်နယ်မှူးများအားလုံး တက်ရောက်ရန် ညွှန်ကြားထားသည်ဟု သိရသည်။စစ်ကောင်စီခန့် ပြည် ထောင်စုဝန်ကြီးများက ကချင်ပြည်နယ်နေ့အခမ်းအနားပြီးဆုံးပါက ကချင်ပြည်နယ်အတွက် ဂုဏ်ထူးဆောင်ဆုချီးမြင့်ခြင်းအပါအဝင် တိုင်း ရင်းသားရိုးရာ လူကြီးများနှင့်လည်း မြစ်ကြီးနားမြို့ မနောင်ကွင်းအတွင်းက မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားသုံးကြရန် ပြင်ဆင်ထားကြောင်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် အရာရှိများထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်များထိ ကချင်ပြည်နယ်နေ့အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ မနောင်(မနော)ကွင်းအတွင်းမှာ လူထုအခမ်းအနားဖြင့် ကျင်းပကြပြီး၊ အာဏာမသိမ်းမီ နောက်ဆုံးကျင်းပပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်နေ့ လူထုမနောင်(မနော)ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းဖြစ်သည်ထိုသို့ ပြည်ထောင်စုဝန်ကြီးများရောက်ရှိနေသည့်အတွက် မြစ်ကြီးနားမြို့တွင် လုံခြုံရေးများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ ထူးကဲစွာချထားပြီး စောင့်ကြပ်လျက်ရှိနေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s