စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီး ကောင်းသူဝင်းနှင့်မိသား စု CDF ထံတွင် လက်နက်၊ကျည် အပြည့်အစုံဖြင့် CDM လုပ်ပြီး အလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ကိုယ်ပိုင်အမှတ်နံပါတ် ကြည်း- ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်းနှင့်မိသားစုသည် CDF ထံတွင် လက်နက်အပြည့်အစုံဖြင့်CDM လုပ်ပြီး အလင်းဝင်လိုက်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw က သတင်းထုတ်ပြန်သည်။

စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ – စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေသည့် ( လက်ရှိတွင် မုံရွာ၌ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ) ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်း ၊ စစ်တက္က သိုလ် အပါတ်စဉ် ၅၂ သည် အာဏာသိမ်းစစ်ကောင်စီ၏ လက် အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် သေနတ် ကျည် အပြည့်အစုံဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် CDF – KKG ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်ရွံရှာပြီး CDM ပြုလုပ်လာသည့် ဗိုလ်ကြီး ကောင်းသူဝင်း နှင့် မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်သလို ထိုက်သင့်သောဆုကြေးငွေကိုလည်း ပေးအပ်ပြီးဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s