တောင်ကြီးမြို့ အိမ်ရှင်တချို့ အိမ်ငှားခ ငွေအဆမတန် တောင်းနေ

သျှမ်းတောင် တောင်ကြီးမြို့ပေါ်ရှိ တချို့ အိမ်ရှင်များသည် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင်များထံ အိမ်ငှားခငွေ အဆမတန် ပိုတောင်းနေကြောင်း စုံစမ်းသိရသည်။ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီ အုပ်စု က ရဟတ်ယာဉ်၊ တိုက်လေယာဉ်၊ တင့်ကား တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် သျှမ်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာကြ ကြောင်း သိရသည်။

“တိုက်ပွဲတွေက မြို့ပေါ်ထိ ပစ်ခတ်နေတော့ ကျွန်မတို့က တောင်ကြီးကို ပြောင်းကြ၊ အိမ်တွေကြိုငှားခိုင်းရတယ်။ မနေ့က ၈၀,၀၀၀ကျပ် ဆိုပြီး ပြောတယ်။ ဒီနေ့ မနက်ကျတော့ ၁၈၀,၀၀၀ ကျပ် တောင်းတယ်။ နောက်ဆုံးတော့ ညှိရင်းနဲ့ တသိန်းခွဲနဲ့ သုံးလစာချုပ်ရသွားတယ်” ဟု လွိုင်ကော်မှ စစ်ရှောင်ထွက်လာသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံကြားထွက် ပြေးလာချိန် တချို့ အိမ်ရှင်များ၏ အဆမတန် ငွေကြေး ကောက်ခံမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ တချို့ထွက်ပြေးလာသည့်သူများမှာ စုထားသည့် ငွေကြေးရှိကြသော်လည်း ငွေကြေးမသက်နိုင်သည့် သူများစွာရှိကြောင်း၊ ကိုယ်ချင်းစာစိတ်ထားပေးရန် လည်း စစ်ရှောင် အမျိုး သမီး က ပြောသည်။

“ဒီချိန်က အခက်အခဲဖြစ်နေတာ။ တချို့က အရမ်း အခက်အခဲဖြစ်နေကြတာလေ။ မနေ့ကျတော့ တမျိုး ဒီမနက်ကျတော့ ငွေပိုတောင်းတာတွေ မလုပ်စေချင်ဘူး။ လူတိုင်းက သောကတွေဖြစ်နေတာလေ” ဟု တောင်ကြီးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။တောင်ကြီးမြို့ရပ်ကွက်တိုင်း တွင် အိမ်ငှားခ ငွေ အဆမတန်တောင်းခံနေကြောင်း၊ ယခင် ၈၀,၀၀၀ကျပ်တန် အိမ်ခန်းကို ကျပ်ငွေ ၃၀၀,၀၀၀ ထိ တောင်းခံမှုရှိကြောင်း၊ ထို့အပြင် သုံးလ၊ ခြောက်လ စာချုပ်ချုပ်ရကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။”အရင် တစ်လ ၈၀,၀၀၀ ကျပ်တန်ကနေ အခု ၃၀၀,၀၀၀ ကျပ်ထိ မြင့်တက်သွားတာပဲ။

ရပ်ကွက်တိုင်းလိုလိုပဲ။ နောက် စစ်ရှောင်တွေကို မငှားပေးချင်တဲ့သဘောလားတော့မသိဘူး။ ရပ်ကွက်တွေမှာတော့ တင်းကြပ်မှုတွေရှိတယ််။ အိမ်ငှားခမယူဘဲ ကူညီတာကရှိတော့ရှိတယ်။ နည်းတယ်” ဟု တောင်ကြီးဒေသခံ အသက် ၃၀ကျော် ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ နယ်အတွင်း တချို့ အိမ်ငှားကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲဖြစ်ပွားနေပြီး နေစရာလိုအပ် နေသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလိုက်သည့်အတွက် အကူအညီပေးမည့်သူများ လည်း များစွာပေါ်လာကြောင်းသိရသည်။လွိုင်ကော်မြို့ အတွင်း အာ ဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ကြားတိုက်ပွဲ ပြင်းထန်လာသည့်အတွက် သျှမ်းတောင်ဘက်သို့ ပြည်သူများ တ ရိပ်ရိပ်ပြောင်းရွှေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်မြို့ထဲသို့ နည်းနည်းအဆင်ပြေသေးတယ်။ မနက်ဖန်ထိစောင့်ကြည့်မယ် အ ဆင်မပြေရင်တော့ တောင်ကြီးဘက် ပြောင်းနေရမယ်။ လက်နက်ကြီးသံက ဆက်တိုက် ရဟတ်ယာဉ်သံရောဆိုတော့ ကလေးတွေ က လန့်နေတယ်” ဟု လွိုင်ကော်မြို့တွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။တိုက်ပွဲများပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် မြို့အ၀င်အထွက်နှင့် လွိုင်ကော်-ဆီဆိုင်-တောင်ကြီး အသွားလမ်း တစ်လျှောက် စစ်ကောင်စီတပ်သားများက နေရာယူထားပြီး တချို့သောခရီးသည်ကားများကို စစ်ကောင်စီတို့က ပစ်ခတ်သဖြင့် စစ်ရှောင်ရန်အတွက်လာသောတချို့ပြည်သူများသည် စစ်မြေပြင်တွင် ကျန်ရှိနေသေးကြောင်း သတင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s