နှိပ်ကွပ်မှုများကြား အရှိန်ပြန်တင်လာသည့် မန္တလေးမြို့ပြ ပြောက်ကျားများ

အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲနေတဲ့ ကာလတစ်လျောက် မြို့ပြ ပြောက်ကျား တိုက်ခိုက်မှု တွေဟာ တော်လှန် ရေးရဲ့ အရေးပါတဲ့ နေရာကနေ စစ်ကောင်စီကို ယနေ့ အချိန်ထိ ဖိအားပေးနေပါတယ်။စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်ကောင်စီ တပ်စွဲရာ မြို့ပြ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတဲ့ ပြောက်ကျား တိုက်ခိုက်မှုတွေဟာ ရန်ကုန် ၊ မန္တလေး ၊ မုံရွာ နဲ့ အခြား မြို့တွေမှာ ကွက်ကျားဆိုသလို မကြာခဏ ဖြစ်ပေါ်နေတာပါ။ဒီလို မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ ပီပီပြင်ပြင် မစတင်နိုင်သေးတဲ့ အချိန်မှာပဲ မြို့ပြမှာ သေနတ်သံတွေ အစောဆုံး ထွက်ခဲ့တာကတော့ မန္တလေးလို့ ပြောလို့ ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ မန္တလေးမြို့ ချမ်းမြ သာစည် မြို့နယ်အတွင်း သေနတ်သံတွေ လက်နက်ကြီးသံတွေနဲ့ အတူ မြို့ပြပြောက်ကျား တပ်ဖွဲနဲ့ စစ်ကောင်စီ တပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေဟာ နေ့ခင်းကြောင်တောင်အချိန်မှာ ဖြစ်ခဲ့ကြပြီး ပြောက်ကျားအဖွဲ့တွေ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ မန္တလေးက ပြောက်ကျားအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးဟာ အပြင်းအထန် ဒဏ်ရာတွေနဲ့အတူ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါဟာ မြို့ပြ လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာမှာကို စိုးရိမ်မှုနဲ့ စစ်တပ်ရဲ့ အင် အားသုံး ဖိနှိပ်မှုတွေ ထဲက တစ်ခုသာပါပဲ။

အဲ့ဒီအချိန်က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ခုခံစစ် စတင် နိုင်ပြီလို့တောင် မကြေညာရသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ စက် တင်ဘာလ ၇ ရက်နေ့မှာတော့ ပြည်သူတွေအနေနဲ့ ခုခံစစ် စတင်နိုင်ပြီလို့ NUG က ကြေညာ ခဲ့ပြီး အဲ့ဒီနောက်ပိုင်း မြို့ပြ ပြောက်ကျား တိုက် ခိုက်မှုတွေ ပိုစိပ်လာခဲ့ပါတယ်။ မန္တလေးမှာ ဆိုရင် စက်တင်ဘာလမှာ မန္တလေးတောင်ခြေက လက်နက်တပ်ရင်းကို ဝင်ပစ်တာ၊ ပြည်ကြီးတံခွန် မြို့နယ်ထဲက ရပ်ကွက်ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်ပစ်ခတ်တာ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရဲတပ်သားတွေကို လမ်းမှာ ပစ်ခတ်တာ စတဲ့ ဖြစ်စဉ်တွေနဲ့ အတူ စစ်ကောင်စီ သတင်းပေးတွေ အသတ်ခံရမှုဟာလည်း မြင့်တက် လာခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ခဲ့ပြီး စစ်ကောင်စီရဲ့ မြို့ပြအုပ်ချုပ်ရေးကို သိသိသာသာ ယိုင်နဲ့ လာစေခဲ့ပါတယ်။ ဒါတွေဟာ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင် နောက်လိုက်တွေကို မြို့ပြပျောက်ကြားတွေက မန္တလေးမြို့ပေါ်မှာ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့မှုတွေပါပဲ။ ဒီလို ခပ်စိပ်စိပ် လှုပ်ရှားလာမှုတွေရဲ့ နောက်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ လူမသိ၊ သူမသိ ပေးဆပ်ခဲ့ရမှုတွေလည်း အများကြီးပါ။ စစ်တပ်ဟာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ၊ မြို့ပြ သပိတ်တွေကို နည်းမျိုးစုံသုံး ဖိနှိပ်ပါတယ်။ မန္တလေးမြို့ရဲ့ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတာ၊ အရပ်ဝတ်၊ ယူနီဖောင်းဝတ်တွေ အင်အားအပြည့်နဲ့ ကင်းလှည့် တာတွေလုပ်တဲ့ အပြင် ဆိုင်ကယ်တွေကို ယောကျာ်းလေးနှစ်ယောက် စီးနင်းခွင့် ကန့်သတ်တာတွေအထိ အစုံလုပ်ခဲ့တာပါ။ဒါတွေအပြင် ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ကြားက တောင်တွေဆီ ပြည်သူ့ ကာကွယ်ရေး တပ်တွေကို စက်တင်ဘာလအတွင်း တောနင်း ရှာဖွေခဲ့သေးတယ်လို့ မန္တလေးမြို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ညစဉ် ဆိုသလိုလည်း မြို့ပြပြောက်ကျားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ရပ်ကွက်အလိုက် နာမည်၊ ဓာတ်ပုံနဲ့ လိုက်ဖမ်း ခဲ့တာကြောင့် စက်တင်ဘာ လကုန်ပိုင်းကစလို့ လူမသိသူ မသိနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ခံခဲ့ရပါတယ်။ဘယ်လောက်တောင် များခဲ့သ လဲ ဆိုရင် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာတင် မန္တလေးက မြို့ပြ ပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅၀ လောက် ဖမ်းဆီးခံခဲ့ ရတယ်လို့ မန္တလေးမြို့ခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ကနေ သိရပါတယ်။ ဒါဟာ မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်ရေးမှာ များပြား လှတဲ့ နစ်နာ ဆုံးရှုံးသွားမှု ပမာဏာ တစ်ခုပါပဲ။”စစ်တပ်ကို အထင်ကြီးဖို့ မလိုပေမယ့် စစ်ထောက်လှမ်းရေးကို လျော့မတွက် စေချင်ဘူးဗျ။ ဒီကောင်တွေက နှစ်ပေါင်းအများကြီး ကျင့်ထားသလို ရိုက်သွင်း ခံထားရပြီးသား လူတွေ။ သူတို့က အသွင်အမျိုးမျိုးနဲ့ ပြည်သူတွေကြား စိမ့်ဝင်နေတာကို သတိ ထားရမယ်။

အဲဒါအပြင် ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှု လိုကို လိုအပ်ပါတယ်။ ပြည်သူက ပြည်သူ့ တပ်ဖွဲ့တွေကို သတင်းပေးတာမျိုး၊ နေစရာ ပေးတာမျိုးဟာ တော်လှန်ရေးမှာ လုပ်ကို လုပ်သင့်ပါတယ် “ဟု ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးက ဆိုပါတယ်။မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချေမှုန်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးကွက် အပါအဝင် အဖွဲ့ဝင် ၃၀ ဦးဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီး ခံခဲ့ရသလို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာလည်း Generation Z Power (GZP) ကာကွယ်ရေးတပ်ဖွဲ့ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ GZP အဖွဲ့သား နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ဒါ့အပြင် Mandalay Phoenix Force (MPF) အဖွဲ့ဝင် နှစ်ဦးလည်း နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ ဆုံးရှုံးခဲ့ရသလို တခြားအဖွဲ့ဝင်တွေလည်း ထပ်မံ ဖမ်းဆီး ခံခဲ့ရပါသေးတယ်။ သတင်း မထုတ်ပြန် နိုင်ခဲ့တဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ရှိခဲ့တယ်လို့ လည်း MPF အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

“မြို့ပြအတွက် အဓိက အခက်အခဲကတော့ ဝပ်ကျင်းပေါ့ဗျာ။ ဝပ်ကျင်းတစ်ခု အနံ့ထွက်သွားပြီဆို အခြားဝပ်ကျင်း ပြောင်းဖို့ ချက်ခြင်း လုပ် ဆောင်ရပါတယ်။ အဲ့ဒီလို လုပ်ဆောင်ရတဲ့ အခါမှာလည်း နေရာထိုင်ခင်း အခက်အခဲတွေ များစွာ ရှိတယ်” လို့ MPF အဖွဲ့ဝင် တစ်ဦးက ပြောတယ်။စစ်တပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေရဲ့ နေအိမ်တချို့ကို ဖျက်ဆီးတာ၊ ချိတ်ပိတ် သိမ်းဆည်းတာတွေလည်း လုပ်လို့ အိမ်ပိုင်ရှင်တွေဟာ လူငယ်တွေကို အိမ်ငှားဖို့ စိုးရိမ်မှုတွေ ရှိလာကြပါတယ်။အဲဒီလို အခြေအနေတွေဟာလည်း ပြည်သူ့တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှု ပိုများလာစေခဲ့တဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ MPF အဖွဲ့ဝင်က ပြောပါတယ်။တစ်ဖက်မှာ စစ်တပ်ရဲ့ သတင်းပေး ဒလံတွေရဲ့ ရန်ကို စိုးရိမ်ရသလို မြို့ပြပေါ်မှာ စစ်တပ်နဲ့ ပြည်သူပိုင် လုံခြုံရေးကင်မရာ (CCTV) တွေကို တိမ်းရှောင်ရတာ၊ တိုက်ခိုက်မှု လုပ်ဆောင်မယ့် နေရာမှာ ပြည်သူတွေ ရှိနေခဲ့တာတွေကြောင့် အများကြီး ပြင်ဆင်ပြီးမှ ရပ်ခဲ့ရတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“တိုက်ခိုက်မှု လုပ်ဆောင်ချိန်ရော လုပ်ဆောင်ပြီးချိန်မှာရော အခက်အခဲကတော့ အများကြီးပေါ့။ မလုပ်ခင် ပြည်သူတွေကို ထိမှန်မှာ စိုးလို့ ရှောင်ရတာ တစ်ပိုင်း၊ ကိုယ့်ဘက်က အလစ်အငိုက် လုပ်ချိန် ကျပြန်တော့လဲ အချို့ပြည်သူတွေရဲ့ မဆင်ခြင်မှုကြောင့် ရပ်လိုက်ရတာတွေလည်း ရှိတယ် “လို့ မြို့ပြပြောက်ကျား အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။အာဏာရှင်ကို အပြင်းအထန် တော်လှန်ဖို့ ကြိုးစား နေကြချိန်မှာ တစ် ခါတစ်ရံ အဖွဲ့စုံပြီး အလွဲလေးတွေလည်း ရှိတယ်လို့ Mandalay Phoenix Force (MPF) အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။”အမှတ်တရတွေရော ဆုံးရှုံးမှုတွေရောကတော့ အများကြီးပါပဲ။ အမှတ်တရ အဖြစ်ဆုံးကတော့ မန္တလေးမှာ မင်းအောင်လှိုင်ရဲ့ ရတနာပုံ ခန်းမ ဖွင့်ပွဲ နေ့ကပဲ “ လို့ သူက ပြောပါတယ်။ထိုနေ့မှာ စစ်ကောင်စီ မီးရထားဝန်ကြီးနဲ့ ပြန်ကြားရေး ဒုဝန်ကြီးတို့ ရတနာပုံခန်းမ ဖွင့်ပွဲကို နေပြည်တော်ကနေ ရထားနဲ့ ထွက်လာမယ် ဆိုတဲ့ သတင်းကို အတွင်းလူဆီကနေ သူတို့ သတင်းအတိအကျ ရခဲ့ကြတာပါ။

ဒါကြောင့် မန္တလေးမြို့အဝင် ရထားလမ်းတစ်နေရာမှာ အစုန်လမ်းရော အဆန်လမ်းမှာပါ သူတို့တွေ မိုင်းထောင်ခဲ့ကြပါတယ်။ သတင်းအရ မ နက် ၁၁ နာရီလောက်မှာ ဝင်လာရမယ့် ရထားဟာ မွန်းလွဲ ၁ နာရီထိုးတဲ့အထိ ရောက်မလာခဲ့ပါဘူး။ “ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ ၁၂ နာရီထိုးလည်း ရထားက ဝင်မလာ၊ ၁ နာရီ ထိုးလည်း ဝင်မလာတော့ နေပြည်တော်ကို ဖုန်းဆက်မေးတယ်။ အဲ့ဒီဘက်က ပြောတာကတော့ ရထားက ထွက်သွားပြီတဲ့။ ဒါပေမယ့် ကျွန်တော်တို့ဆီ ရောက်မလာဘူး။ အဲ့ဒီတော့ မြစ်ငယ် ဘက်ကို လှမ်းထောက်တယ်။ သူတို့ဆီလည်း မဝင်လာသေးဘူးလို့ ပြောတယ်။ နောက်မှ သိလိုက်ရတာက ဝမ်းတွင်း တစ်နေရာမှာ အခြား အဖွဲ့တစ်ဖွဲ့က မီးရထားသံလမ်းတွေ ဖြုတ်ထား လိုက်လို့ ဆိုတာပဲ “ လို့ သူက ပြောပါတယ်။မန္တလေးမြို့က မြို့ပြပျောက်ကြားအဖွဲ့ GZP က လူငယ်တွေ ဒီဇင်ဘာလအစပိုင်းမှာ အဖမ်း ခံရပြီးတဲ့နောက် မန္တလေး မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ အနည်းငယ် ငြိမ်သက် သွားပါ သေးတယ်။မြို့ပြအဖွဲ့တွေ ဖမ်းဆီးခံရစဥ်မှာ ဆက် စပ်အနေနဲ့ လက်နက်ပစ္စည်းတွေပါ အဖမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ အတွက် ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ခဲ့ရတာပါ။

နေစရာအခက်အခဲနဲ့ လက်နက် မရရှိမှုတွေကြောင့် မြို့ပြပြောက်ကျား အဖွဲ့တွေရဲ့ လှုပ်ရှားနိုင်မှု ပိုမိုအားနည်း လာပါတယ်။ အမျိုးသားညီ ညွတ်ရေး အစိုးရဟာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ လွတ်မြောက်နယ်မြေက ပြည်သူ့ကာကွယ်ရေး တပ်တွေကို ထောက်ပံ့နေရရင်း မြို့ပြပြောက်ကျား အဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ လက်လှမ်းမမီ ဖြစ်နေတယ်လို့ MPF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။”ကျွန်တော်တို့ အခုလုပ်ဆောင် နေရတာတွေကလဲ ပြည်သူတွေဆီမှာ အလှူခံပြီး ရတဲ့ ငွေကြေးတွေကို စနစ်တကျ စီမံခန့်ခွဲပြီးတော့ အဓိက လိုအပ်တဲ့ နေရာတွေမှာ အသုံးချနေရတာပါNUG ဘက်က အဓိက ထောက်ပံ့မှု လိုအပ်ချက် ပြောပါဆိုရင်တော့ လက်နက်ပဲ ခင်ဗျ။

ကျွန်တော်တို့က အသက်အသေခံပြီးတောင် စစ်ခွေး(စစ်သား) တွေကို တိုက်ရဲတယ်၊ လက်နက်ပါပဲ” လို့ သူက ပြောပါတယ်။ဒီလိုမျိုး အခက် အခဲတွေ မျိုးစုံကြားက ရပ်နေတဲ့ မန္တလေး မြို့ပြပြောက်ကျား အဖွဲ့တွေဟာ ၂၀၂၂ ခုနှစ် နှစ်ဦးအစမှာပဲ အင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်မှုတွေကို ပြန်လည် စတင်လာပါတယ်။ယခု ဇန်နဝါရီလ ပထမ အပတ်ထဲမှာတင် စစ်ကောင်စီ တပ်စွဲထားတဲ့ မဟာအောင်မြေမြို့နယ် ပညာရေးရုံး ၊ချမ်းအေးသာစံ မြို့နယ် မြဝတီဘဏ်၊ အမှတ် (၁၄) ယာဥ်ထိန်းရဲရုံး၊ ပုသိမ်ကြီးမြို့နယ် လဝကရုံး၊ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေကြားကနေ ဖောက်ထွက်ပြီး မြို့ပြပြောက်ကျား အဖွဲ့အသစ်တွေ ပေါ်ထွက်လာသလို အဖွဲ့နာမည်မရှိ၊ ထုတ်ပြန်ချက် မထုတ်ဘဲ တိုက်ခိုက်ရေး လုပ်နေတဲ့ လူငယ်တွေလည်း ရှိလာခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်ထဲမှာတင် မန္တလေးမြို့တွင်း စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ခြောက်နေရာကို Dragon Ranger Mandalay မြို့ပြပြောက်ကျား အဖွဲ့က ဖောက်ခွဲတိုက်ခိုက် ခဲ့ပါတယ်။ဒီနှစ် နှစ်ဦးကိုတော့ မန္တလေး မြို့ပြပြောက်ကျားတွေက မြို့ပြ ဗုံးသံ မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ဖွင့်လိုက် ကြပါတယ်။ မန္တလေး မြို့ပြပြောက်ကျားတွေဟာ စစ်ကောင်စီ ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီး နှိပ်ကွပ်မှု တွေကြား အင်အား အကြိမ်ကြိမ် လျော့သွားခဲ့ပေမယ့် အခုချိန်မှာ အရှိန်ပြန်တင်ရင်း မြို့ပြ ပစ်မှတ် အသစ်တွေကို ရှာဖွေ နေကြပါပြီ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s