ပုလဲမြို့နယ် ဦးနှောက်ရွာကို စစ်ကောင်စီတပ် လေကြောင်းက အပြင်းအထန်ပစ်ခတ်တိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာကို ဇန်နဝါရီ ၁၀ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ် ၃ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလိုပစ်ခတ်တာဟာ ပုလဲဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်နဂါးရှိလိမ့်မယ်အထင်နဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
*အဲရွာကိုတော့ကျွန်တော််ရှိဘူးဗျ။ကျွန်တော်က ဆာလင်းကြီးမြို့နယ်အတွငိး ခရီးသွာရင်းရောက်နေတ ယ်။အကုန်းလုံး လုံခြုံပါတယ်လို့ ပုလဲဗိုလ်နဂါးကပြောပါတယ်။
အခုလိုစစ်ကောင်စီက ပစ်ခတ်လို့ ဒေသခံရွာသားတွေ လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပေးနေရပြီ အထိခိုက်အကျဆုံးဒဏ်ရာရှိသူတွေရှိနိုင်ပြီး အတိကျမသိရသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။ DVB