ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း မီးလောင်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း မြဝတီမင်းကြီးလမ်းနဲ့ ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ ဇန်နဝါရီ ၁၀ ရက်၊ မနက် ၅ နာရီခွဲလောက်က မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ရဲစခန်း မြေညီထပ်ရှိ နယ်ထိန်းခေါင်း​ဆောင်ရုံးခန်းမှာ Computer System ပုံး ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့်ရုံးခန်းအတွင်းရှိ ကွန်ပျူတာတစ်လုံး၊ ပြတင်းပေါက်မှန်တွေ၊ စာရွက်စာတမ်းတွေနဲ့ စခန်းမှူးရုံးခန်းပြတင်းပေါက်တွေ မီးလောင်ခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄ သိန်းဖိုးလောက်ရှိတယ်လို့  မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုနဲ့ပတ်သတ်လို့ နယ်ထိန်းမှတ်တမ်းတာဝန်ကျတဲ့ ရဲတပ်သားကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s