ဗိုလ်နဂါးရှိသည်ဟုဆိုကာ ပုလဲမြို့နယ်၊ ဦး နှောက်ကျေးရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်၊ ဗိုလ်နဂါး ဘေးကင်းလုံခြုံ

ပုလဲမြို့နယ်၏ တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့်ဗိုလ်နဂါးရှိသည်ဟုဆိုကာ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် ယနေ့ နံနက်ပိုင်း လာရောက်ပစ်ခတ်ကြောင်း၊ ဗိုလ်နဂါးသည် ဘေးကင်းလုံခြုံ သောနေရာတွင် ရှိနေကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ကို ယနေ့နံနက်၁၀နာရီဝန်းကျင်ခန့်က တိုက်ခိုက်ရေးရဟတ်ယာဉ်၃စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နမခစစ်ဌာနချုပ်မှ ရ ဟတ်ယာဉ်၅စီး ပုလဲမြို့နယ်ဘက်သို့ထွက်ခွာသွားပြီး Mi35ရဟတ်ယာဉ်၃စီး ပုလဲမြို့နယ်၊ ဦး နှောက်ကျေးရွာသို့ လာရောက်ပစ်ခတ်ကြောင်း သိရှိရသည်။

Mi35ရဟတ်ယာဉ် ၃ စီး နမခစစ်ဌာနချုပ်သို့ ကျည်များပြန်လာဖြည့်ကာ ၂စီး ပြန်လည်ထွက်ခွာသွားကြောင်း၊ယခုအချိန်ထိ ပုလဲမြို့ပေါ်တွင် ပျံ ဝဲခဲ့ကြောင်း၊ ရိက္ခာရဟတ်ယာဉ်ဖြင့် လူအင်အားများထပ်တိုးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s