မကွေးတွင် မြိုင် PDF တောနင်းရှာဖွေခံရစဉ် စစ်တပ် ဝိုင်းခံထားရသော PDF ရဲဘော် ၂ဦးက မိုင်းများ ဖောက်ခွဲပြီး ကိုယ့်ကိုကို အဆုံးစီရင်

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက Myaing PDF တပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၁ဝရက်နေ့ တောနင်းရှာဖွေစဉ် စစ်တပ် ဝိုင်းခံထားရသော Myaing PDF ရဲဘော် ၂ဦးက မိုင်းများ ဖောက်ခွဲကာ ကိုယ့်ကိုကို အဆုံးစီရင်ခဲ့ကြောင်း Myaing PDFတပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မြိုင်မြို့နယ် တောင်ဘက် ကိုင်းတောမလမ်းတွင် အင်အား ၅၀ခန့်၊ အနောက်ဘက် ဗဟင်းလမ်းတွင် အင်အား ၁၀၀ ခန့် နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် အင်အား ၈၀ ခန့်တို့ပါဝင်သော စစ်ကြောင်းများက Myaing PDF တပ်ဖွဲ့ကို တော နင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တောနင်းရှာဖွေစဉ် ဗဟင်းလမ်းရှိ သက္ကယ်ကန်ရွာအနီးတွင် Myaing PDF မှ ရဲဘော်၂ယောက်သည် စစ်ကောင်စီ တပ်ဖွဲ့များ၏ ဝိုင်းဝန်းမှုကို ခံရသဖြင့် မိုင်းများဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကာ Myaing PDF မှ အဆိုပါ ကျဆုံးရဲဘော်၂ ဦးအား သူရဲကောင်းများအ ဖြစ် မှတ်တမ်းတင်ထားကြောင်း Myaing PDFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ khit thit