ရန်ကုန်သာကေတနှင့်မြောက်ဥက္ကလာတွင်ဗုံးပေါက်၊ တောင်ဒဂုံရပ်ကွက်ရုံးတွင် အစည်းအ ဝေးလုပ်နေစဉ် ပစ်ခတ်ခံရပြီး ရယက ၁ ဦးသေ ၊ မန္တလေးစိန်ပန်းရပ်ကွက်တွင် ဗုံးပေါက်သော်လည်း စစ်တပ်က အနားမကပ်ရဲ၍ တပ်ဆင်ထားသော မိုင်းပြန်ဖြုတ်လိုက်ရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် သာကေတမြို့နယ်၊ထူပါရုံ ရပ်ကွက်၊ အထက ၁ ကျောင်းအနီးတွင် ယနေ့ ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ အဆိုပါ ကျောင်းအနီးတွင် စစ်ကောင်စီတပ်များ မကြာခဏ လုံခြုံရေးလှည့်လေ့ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်ကောင် စီတပ်များရောက်ရှိလာပြီး စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်တောင်ဒဂုံ၂၂ အုပ် ချုပ်​ ရေးမှူးရုံးတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အစည်း အဝေးလုပ်နေစဉ် YRG နှင့် FRT (ရန်ကုန်) အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ် ရာဖြင့် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။ အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ (၇၁)ရပ်ကွက်၊ ကေတုမတီလမ်း နှင့် ဗဟာဗန္ဓုလလမ်း ဆုံရာအနီးတွင် ဇန်နဝါရီလ ၉ ရက်နေ့ ညပိုင်း ၇ နာရီ ၁၅ မိနစ်အချိန် လူငယ် ၂ ဦး စီးနှင်းလာသော ဆိုင်ကယ်ပေါက်ကွဲပြီး ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးသေဆုံးပြီး ၊ တစ်ဦးဒဏ်ရာရကြောင်း၊ ဆိုင်ကယ်အနီးရှိအမျိုးသားတစ်ဦးလည်း ဒဏ်ရာရသွားကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီနောက်ပိုင်း တွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သိရှိရသည်။ မြောက်ဥက္ကလာပမြို့နယ် နေရာသုံးခုတွင် ယမန်နေ့ ဇန်နဝါရီလ ၉ရက် ညပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်များကို ရည်ရွယ်၍တိုက်ခိုက်ခဲ့သော်လည်း အခြေအနေတစ်ခုကြောင့် သတိပေးတိုက်ခိုက်မှုကိုသာဆောင်ရွက်ခဲ့ပါကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ည ၇ နာရီ အချိန်တွင် သုနန္ဒာ လမ်းဆုံအနီး၌ လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ် အချိန် တွင် ဗထရကွင်း‌ဘေးအနီး၌လည်းကောင်း၊ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကန်သာယာမီးပွိုင့် မော်တော်ယာဉ်ကင်းတဲအတွင်း၌ လည်းကောင်း အသီးသီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ N.G.F(SSUG’sတပ်ခွဲ၁) မြောက်ဥက္ကလာပ အထူးပြောက်ကျားတပ်ဖွဲ့၊ SSUG (တောင်ပိုင်းပြည်သူ့ကာကွယ်ရေး အင်အားစု) နှင့် အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF) တို့ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း မန္တလေး စိန်ပန်းရပ်ကွက်တွင် အသံဗုံးဖောက်ခွဲခဲ့သော်လည်း စစ်ကောင်စီတပ်များကို အနားပင်မကပ်ရဲ၍ မိုင်းပြုန်ဖြုတ်လိုက်ရကြောင်း JMPDF က သတင်းထုတ်ပြန်သည်။ “JMPDF နှင့် ညီနောင်မဟာမိတ် mandalay PDF တို့ နှစ်ဖွဲ့ပေါင်းပြီး မန္တလေးမြို့ စိန်ပန်းရပ်ကွက် မှာ အနည်းငယ်ကြမ်းခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းထောင် ပြီး အသံဗုံးများ ဆက်တိုက်ဖောက်ခွဲခဲ့ပါတယ်။

ကျွန်တော်တို့ဖောက်ခွဲချိန်အခြားအမည်မသိအဖွဲ့များမှ ဗုံးများလည်း ပေါက်ကွဲခဲ့ပါတယ်။ စခ များ အနားတောင်ကပ်မလာရဲကြပါဘူး။ကားပေါ်ကတောင်မဆင်းဘဲ လှည့်ပြန်သွားကြပါတယ်။ မိုင်း ကိုတော့ စခ များ မရှင်းလင်းဘဲ ထားခဲ့လို့ ကျွန်တော်တို့ကိုယ်တိုင်ပြန်ဖြုတ်ယူလာခဲ့ပါတယ်” ဟု JMPDF က သတင်းထုတ်ပြန်သည်။

ဗုံးပေါက်ကွဲမှုမျာအးပြင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများလည်း တစ်နိုင်ငံလုံးဖြစ်ပွားလျက်ရှိသည်။ မကွေးမြို့နယ် တည် ပင်ကန်ပေါက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဌေးလွင် (ခ) ဌေးအောင်(ခ) ဘိုဌေးဇန်နဝါရီ ၉ ရက်နေ့ နံနက် ၈ နာရီတွင် သေနတ်ဖြင့် ၃ ချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မိုးထောင်ကျေးရွာအုပ်စုစစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင်ဆိုသူ သက်ခိုင် ဇန်နဝါရီလ ၉ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်တွင် သေနတ်ဖြင့် လေးချက် ပစ်သတ်ခံရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s