လောင်းရှည်၊ ပူတာအို၊ အရာတော်နှင့် ရွှေကူတို့တွင် စစ်ကောင်စီ စစ်ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်သား ၃၇ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ရှိ လောင်းရှည်၊ ပူတာအို၊ အရာတော်နှင့် ရွှေကူစသည့် မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၇ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လောင်းရှည်မြို့နယ်

===========

မကွေးတိုင်း လောင်းရှည်မြို့နယ် မီးသတ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁ဝနာရီ ၃ဝမိနစ်တွင် လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် LSRPDFက အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် LSRPDF အဖွဲ့ထံမှ သိရသည်။

ပူတာအိုခရိုင်

=======

ကချင်ပြည်နယ် ပူတာအိုမြို့ အခြေစိုက် ခလရ-၁၃၇၊ ၁၃၈ တပ်ရင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဆွမ်ဘရာဘွမ်မြို့နယ် ခင်ဒူကားကျေးရွာနှင့် ဖုန်ကျန်းကျေးရွာသို့ ယနေ့ ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၈နာရီ ၅ဝမိနစ်တွင် စစ်ကြောင်းထိုးလာစဉ် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အရာတော်မြို့နယ်

===========

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းမပေါ်ရှိ ဝါးတန်းကျေးရွာ အနောက်ဘက်သို့ မိုင်းရှာရန် ခြေလျင်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း (၄)လုံးနှင့် တူမီးရှေ့ထွက် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါ မုံရွာ-အရာတော် လမ်းပိုင်းတွင် ဇန်နဝါရီလာ ၇ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်ခန့်၌လည်း မန်းကျီးသုံးပင်ရွာ အနီး မိုင်းရှာရန်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်း (၃)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထပ်မံသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထိုစစ်ဆင်ရေးကို Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Bone Naing PDF(A.B.N.PDF)သပြေညို ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force (AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့တို့က ဦးဆောင်ပြီးM.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force (GBRF)၊ တမန်တော် ပျောက်ကြားတပ်ဖွဲ့ (Apostle)မဟာမိတ်ညီနောင်(၈)ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်

=========

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ပိန်းခွံဖက်မှဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ဇန်နဝါရီ ၈ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ရွှေငြိမ်းချမ်းရွာအနီးတွင် မြို့လှ PDFနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့လှ PDFတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ညနေ ၃နာရီ ၃၀ မိနစ်ခန့်တွင် မင်းကျောင်းကုန်းမှချီတက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံတပ်၊ တပ်ရင်း ၄၁၆ တပ်က စစ် ကြောင်းကို သာယာကုန်းရွာအနီးအရောက်တွင် မြို့လှ PDFတပ်မှ မိုင်း ၄ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s