ကရင်ပြည်နယ်၊ဘားအံမြို့စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရပြီး ရဲ ၂ ဦးနှင့် BGF ၁ ဦးသေ၊ ပြည် နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်ကွဲကြောင့် ၁ ဦးသေ

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့နယ်တွင် ယနေ့ ဇန်ဝါရီလ ၁၀ ရက်နေ့ စစ်ဆေးရေးဂိတ်တစ်ခု ပစ်ခတ်ခံရပြီး ရဲ ၂ ဦးနှင့် BGF ၁ ဦးသေ ဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ဘားအံမြို့စက်မှုစုံအကျော်ရှိ ထိဖိုးကလုံးကရဲဂိတ်ကို အမည်မသိအဖွဲ့တစ်ဖွဲ့၏ ကားတစ်စီးက ဂိတ်ကြေးပေးပြီးနောက် ရဲဂိတ်တဲကိုပစ်ခတ်သွားသဖြင့် BGF (၁)ဦးနှင့် ရဲ (၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ ဘားအံမြို့ ပြည်နယ်စည်ပင်ရုံးအနီးတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၆ မိနစ်အချိန် ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်တစ်စီးနှင့်ကားတစ်စီး ပျက်စီးသွားကြောင်း၊ လူတစ်ဦး သေဆုံးကြောင်း Hpa-an News က ပြောဆိုသည်။

“ဗုံးပေါက်ကွဲသံက အကျယ်ကြီးပဲ၊ အရမ်းကျယ်တယ်၊ ကျနော်တို့ အိမ်တောင် တုန်သွားတယ်။ မီးသတ်ကားနှစ်စီးဖြတ်သွားတာလည်း တွေ့လိုက်တယ်။ အခုက ရဲတွေရော ဘားအံများ အစစ်အဆေးတွေများနေတယ်၊ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s